PUBG MOBILE နှင့် ကမ္ဘာကျော် Anime စီးရီး NARUTO တို့၏ ပူးပေါင်းမှု အထိမ်းအမှတ်အခမ်းအနားကို မြန်မာနိုင်ငံတွင် စည်ကားသိုက်မြိုက်စွာကျင်းပခဲ့

game5.webp

အဆိုပါ အခမ်းအနားကို PUBG MOBILE နှင့် NARUTO တို့၏ ပူးပေါင်းမှုအထိမ်းအမှတ်အဖြစ် ကြီးကျယ်ခမ်းနားစွာ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဆုကြေးငွေ ကျပ်သိန်း ၈၀ ထိ ပေးအပ်ခဲ့သည့် Cosplay ပြိုင်ပွဲအပါအဝင် Esports နှင့် Anime ပရိသတ်များအတွက် ရင်ခုန်စိတ်လှုပ်ရှားဖွယ် အစီအစဉ်များစွာလဲ ပါဝင်ခဲ့သည်။
 


ကမ္ဘာတစ်ဝန်းမှ လူကြိုက်များသော Mobile Game တစ်ခုဖြစ်သည့် PUBG MOBILE သည် နာမည်ကျော် Anime စီးရီးတစ်ခုဖြစ်သော NARUTO နှင့် ပူးပေါင်းမှု အထိမ်းအမှတ်အခမ်းအနားကို ဇူလိုင်လ ၁၁ ရက်နေ့က  ရန်ကုန်မြို့၊ Myanmar Plaza တွင် Esports နှင့် Anime ပရိသတ်များ၊ Creators များနှင့်အတူ စည်ကားသိုက်မြိုက်စွာကျင်းပခဲ့သည်။ ယခု ပူးပေါင်းမှုမှ တစ်ဆင့် ကစားသမားများသည် PUBG MOBILE တွင် NARUTO: Ninjas Assemble Gameplay Mode အသစ်ကို ဝင်ရောက်ကစားနိုင်ပြီဖြစ်ပြီး NARUTO စီးရီးမှ အထင်ကရနေရာများ၊ Nine-Tailed Beast နှင့် ရင်ဆိုင်ရမည့် Encounter များနှင့် နင်ဂျာစွမ်းရည်များကိုလဲ အသုံးပြုနိုင်တော့မည်ဖြစ်သည်။
 


အဆိုပါအခမ်းအနား၌ PUBG MOBILE နှင့် NARUTO Series တွင် ပါရှိသော Character ၊ Item အစရှိသည်တို့ကို အကောင်းဆုံး ပေါင်းစပ်၍  ယှဉ်ပြိုင်ရသည့် PUBG MOBILE x NARUTO Cosplay Contest လဲ ပါဝင်ကာ အနိုင်ရရှိသူများကို ဆုကြေးငွေ စုစုပေါင်း ကျပ်သိန်း ၈၀ အထိ ပေးအပ်ခဲ့သည်။ ထို့အပြင် S-Rank King of the Hill (KOTH) Tournament လည်း ကျင်းပပြုလုပ်ခဲ့ပြီး ဆုကြေးငွေ ၂၄ သိန်းကျပ်အထိ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။ ထို့အတူ PUBG MOBILE က ပွဲသို့လာရောက်ကြသည့် ပရိသတ်များအတွက် သတ်မှတ်မစ်ရှင်များတွင် ပျော်ရွှင်စွာ ပါဝင်ရင်း PUBG MOBILE x NARUTO တို့ ပူးပေါင်းဖန်တီးထားသည့် အမှတ်တရ လက်ဆောင်များကိုလည်း ပေးအပ်ခဲ့သည်။
 


အဆိုပါပွဲတွင် လာရောက်အားပေးသည့် ပရိသတ်များအတွက် ပေါ့ပေါ့ပါးပါး ဝင်ရောက်ကစားနိုင်သော Challenge များ၊ Kurama နဲ့ ထိပ်တိုက်တွေ့ဆုံကာ နင်ဂျာစွမ်းရည်များကို စမ်းသပ်နိုင်သည့် Activity များ၊ NARUTO Run ပြိုင်ပွဲများ၊ ဓါတ်ပုံရိုက်ကာ ဆုများရယူနိုင်သည့် Hokage Wallအပြင် သတ်မှတ်ထားသော Challenge အရေအတွက်ကို အောင်မြင်သူများအတွက် ပွဲအတွင်းရှိ Ramen Shop တွင် အခမဲ့ Ramen စားသုံးနိုင်မည့် အစီအစဉ်များလဲ ပါဝင်ခဲ့သည်။
 


ယခုကဲ့သို့ အောင်မြင်စွာကျင်းပပြုလုပ်ခဲ့ပြီးသော PUBG MOBILE x NARUTO ပူးပေါင်းမှုအခမ်းအနားမှ တစ်ဆင့် PUBG MOBILE သည် Gaming နှင့် Anime ပရိသတ်များကို တစ်နေရာတည်းတွင် ဆုံစည်းစေခဲ့ပြီး ပရိသတ်များအတွက် ပျော်ရွှင်ဖွယ်ရာများနှင့် အမှတ်တရဖြစ်စေမည့် အတွေ့အကြုံများကို ဖန်တီးပေးနိုင်ခဲ့သည်။ ထို့အတူ PUBG MOBILE သည် မြန်မာနိုင်ငံရှိ ကစားသမားများအတွက် ဂိမ်းအတွင်း ပိုမိုလွယ်ကူစွာကစားနိုင်ရန် ရည်ရွယ်၍  မြန်မာဘာသာစကားကိုလဲ မကြာသေးမီက တရားဝင် ထည့်သွင်းမိတ်ဆက်ပေးခဲ့သည်။ PUBG MOBILE အနေဖြင့် ကစားသမားများအတွက် ပိုမိုကောင်းမွန်ပြီး ဆန်းသစ်သော အစီအစဉ်များ၊ ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်ဖန်တီးပေးသွားမည်ဖြစ်သည်။

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top