နာမည်ကြီးကိုရီးယားဇာတ်လမ်းတွဲ The Wonderfools မှာ ဗီလိန်အဖြစ် ပါဝင်ခဲ့တဲ့ မင်းသား ဘေးနာရာဟာ သူ့ချစ်သူမင်းသမီး ဟန်ဂျေးအာနဲ့ လက်ထပ်တော့မှာဖြစ်ပါတယ်။ ဘေးနာရာရဲ့အေဂျင်စီ YY Entertainment က လက်ထပ်ဖို့ ပြင်ဆင်နေတယ်ဆိုတဲ့သတင်းကို ဇူလိုင်လ ၁၇ ရက်နေ့မှာ အတည်ပြုပေးခဲ့ပါတယ်။ လက်ထပ်မယ့်ရက်အတိအကျကိုတော့ မသတ်မှတ်ရသေးဘူးလို့ သိရပါတယ်။
ဒီသတင်းကို အတည်မပြုခင်က ဘေးနာရာတို့စုံတွဲဟာ အခုနှစ်ကုန် (သို့) နောက်နှစ်အစောပိုင်းမှာ လက်ထပ်ပွဲကျင်းပဖို့ စီစဉ်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။
သူတို့စုံတွဲက “Grease”၊ “Housewarming Concert” နဲ့ “Rappaccini’s Garden” ဂီတပြဇာတ်တွေမှာ အတူပါဝင်ခဲ့ဖူးကြပြီး သူတို့ရဲ့ဆက်ဆံရေးကို ဇန်နဝါရီလမှာ ထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပါတယ်။
Ref : Bae Na Ra And Han Jae Ah To Get Married
WL (ရိုးရာလေး)

