ကင်ဆာရောဂါကြောင့် သေရမယ်ထင်ထားပေမဲ့ ဆေးသစ်တစ်မျိုးကြောင့်ပြန်သက်သာလာခဲ့သူ

grandfather-77-makes-miracle-recovery-after-taking-new-drug.jpg

အင်္ဂလန်နိုင်ငံက အသက် (၇၇) နှစ်အရွယ် အဘိုးအို ဒိုနာလ် ချီတန် (Donald Cheetham) ကတော့ အရေပြားကင်ဆာရောဂါကြောင့် (၁) ပတ်သာ အသက်ရှင်ရတော့မယ်လို့အပြောခံခဲ့ရပေမဲ့လည်း ဆေးအသစ်ကြောင့် ပြန်လည်သက်သာလာပြီ ဖြစ်ပါတယ်။ အဘိုးအို ချီတန်ရဲ့ နှလုံးမှာ တင်းနစ်ဘောလုံးအရွယ်စားရှိတဲ့ အကျိတ်ရှိပြီး အသည်းမှာလည်း အကျိတ်တွေများစွာကြီးထွားလာတာကြောင့် သေသွားတော့မယ်လို့ ထင်ခဲ့ကြတာပါ။

နှလုံးမှာ တင်းနစ်ဘောလုံးအရွယ်စားရှိတဲ့ အကျိတ်ရှိပြီး အသည်းမှာလည်း အကျိတ်တွေများစွာကြီးထွားလာတာကြောင့် သေသွားတော့မယ်လို့ ထင်ခဲ့ကြတာပါ

အဘိုးအို ချီတန်ဟာ “Malignat Melanoma”လို့ ခေါ်တဲ့ အရေးပြာကင်ဆာရောဂါကြောင့် အဆုတ်၊ အသည်း၊ ဦးနှောက်၊ သွေးဖြူဆဲလ်၊ သရက်ရွက်၊ အရိုး၊ အရေးပြာတို့ကို ပျက်စီးစေပါတယ်။ ဒါပေမဲ့လည်း ချီတန်ဟာ “Permnrolizuma” လို့ ခေါ်တဲ့ဆေးအသစ်ကိုသောက်ခဲ့တဲ့နောက်ပိုင်း သိသိသာသာ ကျန်းမာရေးပြန်ကောင်းလာခဲ့ပါတယ်။ သူဟာ ဆေးကုသမှု (၂) နှစ်ကြာခံယူခဲ့ပေမဲ့ သက်သာလာခြင်းမရှိခဲ့တာပါ။ ဒါပေမဲ့လည်း အခုတော့ အင်ဂျင်နီယာကုမ္ပဏီ ဒါရိုက်တာဟောင်း ချီတန်ဟာ ကင်ဆာရောဂါကနေ ပြန်လည်သက်သာလာပြီ ဖြစ်ပါတယ်။ သူက “ကျွန်တော့်အတွက်က ဒီလိုသက်သာလာတာက အံ့အားသင့်ဖွယ် အရာပါ။ ကျွန်တော့်ဘဝ အဆုံးသတ်မလိုဖြစ်ခဲ့ပါတယ်။ နာတာရှည်အဖြစ် ဆေးရုံမှာ နေခဲ့ရပါတယ်။ သေချိန်တန်ပြီလို့ ထင်ခဲ့တာပါ”လို့ ပြန်ပြီး ပြောပြခဲ့ပါတယ်။ သူဟာ ဆေးအသစ်အတွက် စမ်းသပ်ခံဖြစ်ခဲ့ပြီး အသက်ရှင်ခွင့်ပြန်လည်ရရှိခဲ့ပါတယ်။

ကုသမှုခံယူခဲ့ပြီးတဲ့နောက် ရက်သတ္တပတ်အနည်းငယ်အကြာမှာ အားပိုရှိလာသလို၊ ဓာတ်မှတ်ပြန်ရိုက်တဲ့အခါမှာလည်း အကျိတ်က အရင်ကထက် သေးသွားခဲ့ပါတယ်

ချီတန်ဟာ ကင်ဆာရောဂါက ဦးနှောက်အထိရောက်သွားခဲ့တဲ့အတွက် “Immunotherapy”လို့ ခေါ်တဲ့ ကုသမှုအသစ်က အောင်မြင်နိုင်သလို ကျရှုံးနိုင်နိုင်ချေတယ်လို့လည်း အပြောခံခဲ့ရပါတယ်။ ကုသမှုခံယူခဲ့ပြီးတဲ့နောက် ရက်သတ္တပတ်အနည်းငယ်အကြာမှာ အားပိုရှိလာသလို၊ ဓာတ်မှတ်ပြန်ရိုက်တဲ့အခါမှာလည်း အကျိတ်က အရင်ကထက် သေးသွားခဲ့ပါတယ်။ လုံးဝတော့ နေမကောင်းသေးပေမဲ့ ပြန်ပြီးသက်သာလာနေတာဖြစ်ပါတယ်။

Ah Ko Latt (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top