သူ့ဆိုင်ရှေ့လာတဲ့ လမ်းဘေးတိရစ္ဆာန်တွေကို အရသာရှိတဲ့အသားတွေ ကျွေးလေ့ရှိတဲ့ အသားရောင်းသူ

10-8-2022-yyl07.jpg

သူ့ဆိုင်ရှေ့လာတဲ့ လမ်းဘေးတိရစ္ဆာန်တွေကို အရသာရှိတဲ့အသားတွေ ကျွေးလေ့ရှိတဲ့ အီကရမ် ခေါမာဇာ

သူ့အသားဆိုင်ရှေ့လာသမျှ လမ်းဘေးတိရစ္ဆာန်တွေကို အသားတွေ ဘယ်လောက်ကျွေးရကျွေးရ မငြိုငြင်တဲ့ လူတစ်ယောက်ရှိပါတယ်။ သူကတော့ အသက် ၅၁ နှစ်အရွယ် တူရကီလူမျိုး အီကရမ် ခေါမာဇာ ဆိုသူပါပဲ။ သူ့ရဲ့ခွေးနဲ့ကြောင်တွေကို ခွဲခြားဆက်ဆံမှုမရှိတဲ့ ချစ်ခြင်းမေတ္တာက လူမှုကွန်ယက်အသုံးပြုသူတွေရဲ့စိတ်ဝင်စားမှုကို ရရှိခဲ့ပါတယ်။ သူဟာ သူ့ဆိုင်ကို မကြာခဏလာတဲ့ လမ်းဘေးခွေးလေးတွေ၊ ကြောင်လေးတွေရဲ့ဗီဒီယိုတွေကို အင်စတာဂရမ်လို သူ့ရဲ့လူမှုကွန်ယက်အကောင့်မှာ မျှဝေလေ့ရှိပါတယ်။

လမ်းဘေးတိရစ္ဆာန်တွေအပေါ် ထားတဲ့ အီကရမ်ရဲ့ချစ်ခြင်းမေတ္တာက အရမ်းနက်နဲပါတယ်။ သူ့ဆိုင်ကို လာခဲ့တဲ့၊ သူ ကျွေးမွေးခဲ့တဲ့ ပထမဆုံး လမ်းဘေးတိရစ္ဆာန်လေးရဲ့နာမည်ကိုတောင် သူ့ရဲ့ဆိုင်နာမည်အဖြစ် ပေးထားပါတယ်။ အဲဒီတိရစ္ဆာန်လေးက ရယ်ဆင်မ်ဆိုတဲ့ ကြောင်လေးပါပဲ။ သူ့ရဲ့အသားဆိုင်နာမည်က Yesim Meat Gallery လို့ခေါ်ပါတယ်။ သူ့ဆိုင်ရှေ့ လာတဲ့ လမ်းဘေးတိရစ္ဆာန်တွေကို အသားကျွေးတဲ့ အလေ့အထကို လုပ်ဆောင်ဖို့ ရယ်ဆင်မ်က သူ့ကို လှုံ့ဆော်ပေးခဲ့တာပါ။

သူ့ဆိုင်ရှေ့လာတဲ့ လမ်းဘေးတိရစ္ဆာန်တွေကို အရသာရှိတဲ့အသားတွေ ကျွေးလေ့ရှိတဲ့ အီကရမ် ခေါမာဇာ

အီကရမ်က ရယ်ဆင်မ်ကို အသားတွေ ကျွေးနေခဲ့တာပါ။ ရယ်ဆင်မ်ဟာ ကြောင်လေးမွေးတော့ သူ့အသားဆိုင်ကို အတူတူလာကြတယ်။ ရယ်ဆင်မ်က ကောင်တာပေါ်က အသားတွေကို ခြေထောက်ထောက်ပြီး ကြည့်တယ်။ ပြီးရင် အသားကို တောင်းပါတယ်။ တစ်နေ့ကို (၅) ကြိမ်၊ (၆) ကြိမ်လောက် အစာတောင်းလေ့ရှိပါတယ်။ သူက သရက်ရွက်၊ နှလုံး၊ ကျောက်ကပ်တွေကို အများဆုံး စားချင်ခဲ့တယ်။ အမဲသားကို ကြိုက်ခဲ့တာ။

သူ့ဆိုင်ရှေ့လာတဲ့ လမ်းဘေးတိရစ္ဆာန်တွေကို အရသာရှိတဲ့အသားတွေ ကျွေးလေ့ရှိတဲ့ အီကရမ် ခေါမာဇာ

ရယ်ဆင်မ် နေမကောင်းဖြစ်ပြီး သေဆုံးသွားခဲ့ပြီးတဲ့နောက်မှာလည်း သူ့ရဲ့ကလေးက အီကရမ်ရဲ့အသားဆိုင်ကို ဆက်ပြီး လာခဲ့ပါတယ်။ မကြာခင်မှာပဲ အခြားလမ်းဘေးကြောင်လေးတွေကလည်း အရသာရှိတဲ့အသားတွေစားရဖို့ အီကရမ်ရဲ့ Yesim Meat Gallery ကို လာကြပါတော့တယ်။ ကြောင်တွေတင် အီကရမ်ရဲ့ချစ်ခြင်းမေတ္တာကို ရရှိခဲ့တဲ့ လမ်းဘေးတိရစ္ဆာန်မဟုတ်ပါဘူး။ သူ့ဆိုင်ရှေ့ ဖြတ်သွားတဲ့ လမ်းဘေးခွေးတွေကိုလည်း အီကရမ်က အသား၊ သရက်ရွက်၊ နှလုံး၊ ကျောက်ကပ်နဲ့ အရိုးတွေကို ကျွေးမွေးခဲ့ပါတယ်။ သူ့ဆိုင်ကို တစ်နေ့ ခွေး (၈) ကောင်ကနေ (၁၀) ကောင်အထိ၊ ကြောင် (၇) ကောင်၊ (၈) ကောင်လောက် လာပါတယ်။

သူ့ဆိုင်ရှေ့လာတဲ့ လမ်းဘေးတိရစ္ဆာန်တွေကို အရသာရှိတဲ့အသားတွေ ကျွေးလေ့ရှိတဲ့ အီကရမ် ခေါမာဇာ

အီကရမ်က သူ့ဆိုင်ကို လာရောက်တဲ့ တိရစ္ဆာန်လေးတွေရဲ့ဗီဒီယိုတွေကို တင်ခဲ့ပြီနောက် သူ့အကြောင်းကို လူမှုကွန်ယက်အသုံးပြုသူတွေ သတိထားမိလာခဲ့ပါတယ်။ အခုဆို အီကရမ်က အင်စတာဂရမ်မှာ ဖော်လိုဝါ (၆၅,၀၀၀) ကျော်နဲ့ TikTok မှာ ဖော်လိုဝါ (၅၃၀,၀၀၀) နီးပါးရှိနေပါပြီ။

အီကရမ်က လမ်းဘေးတိရစ္ဆာန်တွေကို စောင့်ရှောက်သင့်တယ်လို့ မထင်တဲ့သူတချို့ရဲ့ဝေဖန်မှုတွေကိုလည်း ရရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ သူ့ရဲ့လမ်းဘေးတိရစ္ဆာန်တွေကို အစာကျွေးတဲ့ သူ့ရဲ့မစ်ရှင်ကို အခိုင်အမာယုံကြည်ပြီး ချစ်ခြင်းမေတ္တာက အနိုင်ရမယ်ဆိုတဲ့ သူ့ရဲ့ဆောင်ပုဒ်ကို စွဲကိုင်ထားပါတယ်။ အခုဆို သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေ၊ မိသားစုဝင်တွေနဲ့ ဖောက်သည်တွေကတောင် အသားဆိုင်ကို လာတဲ့ လမ်းဘေးတိရစ္ဆာန်တွေကို အစာကျွေးတာမှာ စိတ်ပါဝင်စားစွာနဲ့ပါဝင်နေကြပါပြီ။

Ref: Upworthy “Butcher wins hearts offering tasty meat scraps to every stray dog and cat that comes to his doorstep”

Team (ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top