Marvel Studios ဟာ ဇူလိုင် ၂၀ ရက်နေ့က Avengers: Doomsday နမူနာကို ထွက်ရှိပေးခဲ့ပါတယ်။ ထွက်ရှိခဲ့ပြီး မကြာခင်မှာ အမေရိကန်ရှိ ရွေးချယ်ထားတဲ့ ရုပ်ရှင်ရုံတွေမှာ ကြိုတင်လက်မှတ်ရောင်းချမှုလုပ်ခဲ့ပါတယ်။ ၁၂ နာရီအတွင်းမှာပဲ ကြိုတင်လက်မှတ်ရောင်းချမှုမှာ ဒေါ်လာ ၁၀ သန်းရရှိသွားခဲ့ပါတယ်။
Avengers: Doomsday က Brand New World, Thunderbolts နဲ့ The Fantastic Four: First Steps ရုပ်ရှင်ကားတွေရဲ့ ပထမနေ့ကြိုတင်ရောင်းချမှုစံချိန်ကို ကျော်လွန်သွားခဲ့ပါတယ်။ ရုံတင်တဲ့အချိန်ကျရင် Box Office မှာလည်း စံချိန်တင်ဖို့ မျှော်လင့်ရပါတယ်။ Avengers: Doomsday ရုပ်ရှင်ကားကို ဒီဇင်ဘာ ၁၈ ရက်နေ့ကျ ကမ္ဘာ့တစ်ဝှမ်းရှိ ရုပ်ရှင်ရုံတွေမှာ ရုံတင်သွားမှာဖြစ်ပါတယ်။
Ref: Avengers: Doomsday Earns $10 Million In Pre-Sales Within 12 Hours, Sets New Advance Booking Record
WL (ရိုးရာလေး)

