ရာဇဝတ်သမား အမဲလိုက်သူ (သို့မဟုတ်) ပက်ဒရိုဖီလ်ဟို

father.webp

ပက်ဒရိုဖီလ်ဟိုဆိုတာ ဘရာဇီးနိုင်ငံက ရာဇဝတ်သားတွေ အကြောက်ရွံ့ဆုံး အမည်နာမတစ်ခုပါပဲ။ အထူးသဖြင့်တော့ အဓမ္မမှု ကျူးလွန်သူတွေ၊ သက်ငယ်မုဒိန်းသမားတွေ၊ သစ္စာဖောက်တွေ၊ လူသတ်မှု ကျူးလွန်သူတွေကို လိုက်လံသတ်ဖြတ်ခဲ့တာပါ။

ပက်ဒရိုဖီလ်ဟိုဟာ အသက် ၁၄ နှစ်အရွယ်ကတည်းက သူ့အဖေကို မဟုတ်မမှန် စွပ်စွဲပြီး အလုပ်ဖြုတ်ခဲ့တဲ့ ဒုတိယမြို့တော်ဝန်နဲ့ ဖခင်ဖြစ်သူကို မနာလိုလို့ လုပ်ကြံစွပ်စွဲခဲ့တဲ့ ကျောင်းလုံခြုံရေးဝန်ထမ်း (သူခိုးအစစ်) တို့ နှစ်ဦးကို ပစ်သတ်ခဲ့သူပါ။

အဲဒီနောက် ဆော်ပေါ်လိုကို ထွက်ပြေးသွားခဲ့ပြီး ဆင်းရဲသားရပ်ကွက်တွေမှာ လုယက်မှုတွေ ကျူးလွန်ကာ အောက်ခြေအဆင့် မူးယစ်ဆေး ရောင်းချသူတွေကို သုတ်သင်ရှင်းလင်းခဲ့ပါတယ်။ ဖီလ်ဟိုဟာ သူ အလွန်ချစ်ရတဲ့ အမျိုးသမီးကို ပြိုင်ဘက်ဂိုဏ်းသားတွေက ရက်ရက်စက်စက် သတ်ခဲ့ပြီးနောက် ချစ်သူအတွက် လက်စားချေဖို့ အဲဒီအမှုမှာ ပါဝင်သူအားလုံးကို လိုက်လံသတ်ဖြတ်ခဲ့ပါတယ်။

အိမ်တွင်းအကြမ်းဖက်တဲ့ သူ့အဖေက သူ့အမေ သတ်ခဲ့တာကြောင့် ဖီလ်ဟိုက သူကိုယ်တိုင် ထောင်ထဲလိုက်သွားပြီး ဖခင်အရင်းကို ပြန်သတ်ကာ အသည်းနှလုံးကိုပါ ဝါးစားခဲ့ပါတယ်။ သူဟာ ထောင်ထဲမှာ အကျဉ်းကျခံခဲ့ရတဲ့ ၃၄ နှစ်တာကာလအတွင်း ထောင်သား ၄၇ ဦးအထိ သတ်ဖြတ်ခဲ့သူပါ။ ထောင်ထဲမှာ သူ ကျူးလွန်ခဲ့တဲ့ပြစ်မှုတွေအတွက် ထောင်ဒဏ် နှစ် ၄၀၀ ကျော်အထိ တိုးမြှင့်ချမှတ်ခံခဲ့ရပေမဲ့ ဘရာဇီးဥပဒေရဲ့ အမြင့်ဆုံးထောင်ဒဏ် ကန့်သတ်ချက်ကြောင့် ၃၄ နှစ်အကြာ (၂၀၀၇ ခုနှစ်) မှာ ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။

သူဟာ အင်တာနက်ပေါ်မှာတောင် ကျော်ကြားသူတစ်ဦး ဖြစ်လာခဲ့ပါတယ်။ ၂၀၂၃ ခုနှစ်၊ မတ်လ ၅ ရက် (အသက် ၆၈ နှစ်) မှာတော့ ဖီလ်ဟိုဟာ သူ့ညီမရဲ့ အိမ်ရှေ့မှာထိုင်နေတုန်း ကားတစ်စီး ထိုးစိုက်လာပြီး မျက်နှာဖုံးစွပ် သေနတ်သမားတွေက သေနတ်နဲ့ အကြိမ်ကြိမ်ပစ်ခတ်ကာ လည်လှီးခဲ့တာကြောင့် လမ်းဘေးမှာပဲ သေဆုံးသွားခဲ့ပါတယ်။

Ref: Pedro Rodrigues Filho

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top