ရထားပေါ်က ဆင်းလိုက်တာနဲ့ ခြေချလိုက်တဲ့ ပလက်ဖောင်းက လမ်းအဆုံးရောက်ဖို့ အကြာကြီးလျှောက်ရပါတယ်။ အဲ့ဒီပလက်ဖောင်းဟာဆိုရင် ကမ္ဘာ့အရှည်ဆုံးပလက်ဖောင်းအဖြစ် ကမ္ဘာဂင်းနစ်စံချိန်တင်ထားပါတယ်။
ကမ္ဘာ့အရှည်ဆုံးပလက်ဖောင်းက အိန္ဒိယတောင်ပိုင်းမှာရှိတဲ့ Hubballi Junction ရထားဘူတာမှာ ရှိပါတယ်။ အဲ့ဒီပလက်ဖောင်းက မီတာ ၁၅၀၇( ပေ၄၉၄၄) ရှိပြီး ၂၀၂၃ ခုနှစ်မှာ ကမ္ဘာ့အရှည်ဆုံးပလက်ဖောင်းအဖြစ် ဂင်းနစ်စံချိန်တင်ခဲ့တာပါ။

ဒီပလက်ဖောင်းကို ၂၀၂၃ ခုနှစ်မတ်လမှာ လည်ပတ်မှုစွမ်းရည်၊ ဘေးကင်းရေးနဲ့ ခရီးသည်တွေအဆင်ပြေတိုးတက်စေဖို့ ရည်ရွယ်တဲ့ ရထားလမ်းပြန်လည်ပြုပြင်မွမ်းမံရေးစီမံကိန်းရဲ့တစ်စိတ်တစ်ပိုင်းအဖြစ် ဖွင့်လှစ်ခဲ့တာပါ။
Hubbali Junction ရဲ့ ပလက်ဖောင်းအတိုင်းအတာကို ကိန်းဂဏန်းတွေနဲ့ အပြည့်အဝမဖော်ပြနိုင်ပါဘူး။ ပလက်ဖောင်းအစကနေအဆုံးအထိ ၁.၅ ကီလိုမီတာကျော်ရှည်လျားပါတယ်။ တစ်ဖက်ကနေ အခြားတစ်ဖက်ကို လမ်းလျှောက်ဖို့ မိနစ်အနည်းငယ်ကြာနိုင်ပါတယ်။ အိန္ဒိယရဲ့အရှည်ဆုံးခရီးသည်တင်ရထားတွေထဲက တချို့ကို ဆိုက်ကပ်နိုင်ဖို့အထိ လုံလောက်အောင် ရှည်လျားပါတယ်။
ဒီဘူတာပလက်ဖောင်းကို ကမ္ဘာ့စံချိန်တင်ဖို့ သက်သက်တင် တည်ဆောက်ခဲ့တာ မဟုတ်ပါဘူး။ ဒါကို ကာနာတာကာပြည်နယ်ရဲ့ အလုပ်အရှုပ်ဆုံးရထားလမ်းဆုံဘူတာကြီးတစ်ခုမှာ အရေးပါတဲ့ လုပ်ငန်းဆောင်တာ ရည်ရွယ်ချက်တစ်ခုအဖြစ် အသုံးပြုနေတာပါ။
Ref: This Indian Railway Station Holds A Guinness World Record For Having The World’s Longest Platform
WL (ရိုးရာလေး)

