အမေရိကန်ကပြည်နယ်တွေမှာ နိုဝင်ဘာ ၁ ရက်နေ့မတိုင်ခင် COVID-19 ကာကွယ်ဆေးဖြန့်ဝေဖို့ ပြင်ဆင်ထားလို့ CDC ပြော

3-9-2020-yyl-002.jpg

အမေရိကန်နိုင်ငံရဲ့ပြည်နယ်အကြီးအကဲတွေကို ရွေးကောက်ပွဲရောက်ဖို့ (၂) ရက်အလို နိုဝင်ဘာ ၁ ရက်နေ့မတိုင်ခင်အတွင်း ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးဖြန့်ဝေဖို့ ပြင်ဆင်တော့လို့ The Centers for Disease Control က တိုက်တွန်းလိုက်ပါပြီ။ CDC ဒါရိုက်တာ ရောဘတ် ရက်တ်ဖီးတ် ( Robert Redfield) က အစိုးရဟာ ဒေသတွင်းကျန်းမာရေးဌာနနဲ့ ဆေးရုံတွေဆီ ကာကွယ်ဆေးဖြန့်ဝေဖို့အတွက် McKesson ကုမ္ပဏီနဲ့ အချိတ်အဆက်လုပ်နေကြောင်း သတိပေးရင်း ဖြန့်ဝေဖို့အတွက် ကုမ္ပဏီက တောင်းဆိုတဲ့ လျှောက်လွှာတွေကို ပေးဖို့ တောင်းဆိုထားတဲ့ စာကို သြဂုတ် ၂၇ ရက်နေ့ ရက်စွဲနဲ့ ပေးပို့ခဲ့တာပါ။

“နိုဝင်ဘာ ၁ ရက်နေ့မတိုင်ခင် ဒီလုပ်ဆောင်ချက်ပြီးမြောက်ဖို့အတွက် လိုအပ်တာတွေတောင်းဆိုခဲ့ရင် ကာကွယ်ဆေးဖြန့်ဝေဖို့အတွက် လိုအပ်တာမှန်သမျှကို အလုပ်တွင်စေဖို့ ကူညီပေးကြဖို့ CDC ကအရေးပေါ်တောင်းဆိုပါတယ်”လို့ စာထဲမှာ ရေးသားထားပါတယ်။ ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူအများစုက ၂၀၂၁ခုနှစ်ထိ ကာကွယ်ဆေးဖြန့်ဝေနိုင်ဖို့ မျှော်လင့်မထားခဲ့ပေမယ့် ရွေးကောက်ပွဲမတိုင်ခင်၊ မကြာခင်အတောအတွင်းမှာ ကာကွယ်ဆေး ဖြန့်ဝေဖို့ အဆင်သင့်ဖြစ်နိုင်တယ်ဆိုတာကို အမေရိကန်သမ္မတ ဒေါနယ်ထရန့်က ပြောခဲ့ဖူးပါတယ်။ “ကာကွယ်ဆေးက သေချာပေါက် အဲဒီရက်ဝန်းကျင်လောက်ဖြစ်မှာပါ။ နှစ်မကုန်ခင် ကာကွယ်ဆေးရမယ်လို့ ကျွန်တော်ယုံကြည်တယ်။ ဒါပေမဲ့ အဲဒီရက်ဝန်းကျင်လောက်ပဲ။ ဟုတ်တယ်။ ကျွန်တော်ထင်တယ်”လို့ ဒေါနယ်ထရန့်က သြဂုတ်အစောပိုင်းမှာ ပြောခဲ့ပါတယ်။

the National Institute of Allergy and Infectious Disease ရဲ့ ခေါင်းဆောင် ဒေါက်တာ အန်သိုနီ ဖော်ဆီ (Anthony Fauci) ကလည်း ကာကွယ်ဆေးထုတ်နေတာက ထင်ထားတာထက် ပိုစောနိုင်တယ်လို့ ထုတ်ပြောခဲ့ပါတယ်။ Kaiser Health News နဲ့ အင်တာဗျူးတစ်ခုမှာလည်း “COVID-19 ကာကွယ်ဆေးစမ်းသက်မှုက ရလဒ်ကောင်းပါတယ်။ သုတေသနပညာရှင်တွေက စမ်းသပ်ထိုးသွင်းမှုကို စောစောအဆုံးသတ်ပြီး လေ့လာချက်မှာ ပါဝင်ခဲ့သူတွေအားလုံးကို ကာကွယ်ဆေးပေးခဲ့ပါတယ်။ ကာကွယ်ဆေးအတွက် ဆုံးဖြတ်ချက်ကိုတော့ Data and Safety Monitoring Board က လုပ်ဆောင်သွားပါလိမ့်မယ်”လို့ အန်သိုနီက ပြောပါတယ်။

အမေရိကန်လူမျိုး တော်တော်များများကတော့ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးရနိုင်၊ မရနိုင်တာနဲ့ ပတ်သက်ပြီး ယုံကြည်ချက်ကင်းမဲ့နေကြပါတယ်။ သူတို့ကတော့ ဘာဖြစ်လာမလဲဆိုတာကို အရင်ဆုံးစောင့်ကြည့်ရပါလိမ့်မယ်လို့ ပြောပါတယ်။

Ref: CBSNews “CDC tells states to prepare for COVID-19 vaccinations by November 1”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top