မိခင်ဖြစ်သူ ယဉ်မတော်တဆဖြစ်ခဲ့ပေမဲ့ ကံသီလို အသက်ဘေးမှလွှတ်မြောက်ခဲ့တယ်ဆိုတဲ့ The Rock

3.2.2023-image-4.jpg

ဟောလိဝုဒ်အက်ရှင်မင်းသားကြီး ဒွိန်းဂျွန်ဆင်/ The Rock ဟာ လော့စ်အိန်ဂျလိစ်မှာ ဗုဒ္ဓဟူးညနေပိုင်းက ဖြစ်ပွားခဲ့တဲ့ ယာဉ်မတော်တဆမှုမှာ မိခင်ဖြစ်သူ အက်တာ ဂျွန်ဆင် ပါဝင်ခဲ့ပြီး သူ့အမေ အသက်ဘေးက လွှတ်မြောက်ပြီး အဆင်ပြေတယ်လို့ သူ့အင်စတာဂရမ်အကောင့်ကတဆင့် ပြောကြားခဲ့ပါတယ်။

ခရီးသည်ဘက်ခြမ်းမှာ သိသိသာသာပျက်စီးသွားတဲ့ အနီရောင် Cadillac ကားတစ်စီးရဲ့ပုံနဲ့အတူ “ကျေးဇူးတင်ပါတယ်…ဘုရားသခင်။ အမေ အဆင်ပြေပါတယ်။ မနေ့ညက ကျွန်တော့်အမေ ယာဉ်မတော်တဆဖြစ်ခဲ့တဲ့အချိန် ဂရုဏာထားတဲ့ ကောင်းကင်တမန်တွေက ကျွန်တော့်အမေကို စောင့်ရှောက်ကြည့်ရှုပေးခဲ့ပါတယ်”လို့ သူ့အင်စတာဂရမ်မှာ ရေးသားပြီး ပရိသတ်တွေကို အသိပေးပြောကြားခဲ့တာပါ။

သူ့အမေ အသက်ရှင်သန်ပြီး ကျန်းမာရေးစစ်ဆေးမှုတွေ ဆက်လက်ခံယူသွားမှာဖြစ်တယ်လို့လည်း The Rock က ဆိုပါတယ်။ သူ့အမေဟာ အရင်တုန်းက ကြုံတွေ့ခဲ့သမျှအခက်အခဲအတားအဆီးတွေကိုလည်း ကျော်လွှားနိုင်ခဲ့တဲ့သူဖြစ်တယ်လို့လည်း ပြောပါတယ်။ “ဒီအမျိုးသမီးက အဆုတ်ကင်ဆာ၊ ခက်ခဲတဲ့အိမ်ထောင်ရေး၊ အရမ်းမူးတဲ့ကားမောင်းသမားနဲ့ တိုက်မိတာ၊ သေကြောင်းကြံဖို့ကြိုးစားခဲ့တာတွေကနေ အသက်ရှင်ခဲ့တယ်”လို့ The Rock က ဆိုပါတယ်။

လော့စ်အိန်ဂျလိစ်ရဲဌာနနဲ့ မီးသတ်ဌာနတွေကိုလည်း ကျေးဇူးတင်ခဲ့ပါတယ်။ ၂၀၂၀ ခုနှစ် ဇန်နဝါရီမှာ ဖခင်ဖြစ်သူ ရောကီ ဂျွန်ဆင် သေဆုံးခဲ့တဲ့ The Rock က သူ့မိဘနဲ့ပတ်သက်ပြီး ချစ်ခြင်းမေတ္တာထားပေးဖို့လည်း ပရိသတ်တွေကို တိုက်တွန်းပြောကြားခဲ့ပါတယ်။

Ref: Dailymail “Dwayne ‘The Rock’ Johnson’s beloved mother Ata involved in terrifying car crash at 3am: Shaken tough guy says ‘she’ll survive’ and credits ‘angels’ for her lucky escape”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top