လက်ရှိရုံတင်ပြသနေတဲ့ “Spider-Man: Brand New Day” ရုပ်ရှင်ဟာ Box Office မှာ စံချိန်တင်သွားပါပြီ။ ပွဲဦးထွက်သီတင်းပတ်အတွင်း မြောက်အမေရိကန်လက်မှတ်ရောင်းချမှုမှာ ဒေါ်လာ သန်း၃၆၀ ရရှိခဲ့ပြီး ပြည်တွင်းပွဲဦးထွက်ဝင်ငွေအများဆုံးရုပ်ရှင်ဖြစ်တဲ့ Avengers: Endgame ကို ကျော်တက်သွားခဲ့ပါတယ်။
ဒါဟာ ပွဲဦးထွက်သီတင်းပတ်အတွင်း သန်း ၃၀၀ ရရှိတဲ့ ဒုတိယမြောက်ဇာတ်ကားသာမက Spider-Man ရုပ်ရှင်တွေမှာ အကြီးမားဆုံးပွဲဦးထွက်ရုပ်ရှင်လည်းဖြစ်စေခဲ့ပါတယ်။ ဒီရုပ်ရှင်က တရုတ်နိုင်ငံမှာ ဒေါ်လာ ၁၂၁ သန်းအပါအဝင် နိုင်ငံတကာမှာ ဒေါ်လာ ၅၇၂ သန်းရရှိခဲ့ပြီး ကမ္ဘာတစ်ဝှမ်းမှာ ဒေါ်လာ ၉၃၁ သန်းနဲ့ အဖွင့်လှခဲ့ပါတယ်။
Spider-Man:Brand New Day က Marvel Cinematic Universe မှာ ၃၈ ခုမြောက်ရုပ်ရှင်ဖြစ်ပါတယ်။
Ref: ‘Spider-Man: Brand New Day’ beats ‘Avengers: Endgame’ in record opening weekend
WL (ရိုးရာလေး)

