ဆယ်စုနှစ် ၁ ခုကြာမှ လက်တွဲဖော် ဂျော်ဂျီနာနဲ့ လက်ထပ်ပွဲကျင်းပခဲ့တဲ့ ဘောလုံးသမားအကျော်အမော ရော်နယ်ဒို

rano.jpg

ဘောလုံးအကျော်အမော ခရစ္စတီယာနို ရော်နယ်ဒိုဟာ နှစ်အကြာကြီးတွဲလာခဲ့တဲ့ လက်တွဲဖော် ဂျော်ဂျီနာ ရိုဒရီဂွက်ဇ်နဲ့ ဩဂုတ် ၁၁ ရက်နေ့က လက်ထပ်ခဲ့ပါတယ်။ သူတို့နှစ်ယောက်ရဲ့လက်ပုံကို (အဲ့ဒီပုံမှာ မင်္ဂလာလက်စွပ်ဝတ်ဆင်ထား)ကို ရော်နယ်ဒို မျှဝေခဲ့ပြီးတဲ့နောက်မှာ ဒီသတင်းထွက်ပေါ်လာခဲ့တာပါ။

သူတို့နှစ်ဦးက သူ့ရဲ့ကလေး ၅ ဦးနဲ့အတူ သီးသန့်မင်္ဂလာပွဲကျင်းပခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ မင်္ဂလာပွဲကို ပေါ်တူဂီအနောက်ပိုင်း လစ်စဘွန်းမြို့တော်အနီးနားက ကမ်းရိုးတန်းမြို့ ကာ့စ်ကဲစ်မှာ ကျင်းပခဲ့တာဖြစ်ပါတယ်။ ရော်နယ်ဒိုက အင်စတာဂရမ်မှာ မင်္ဂလာပွဲ Post နဲ့အတူ C (အသည်းအီမိုဂျီ) G လို့ စာရေးထားပါတယ်။

ရော်နယ်ဒိုနဲ့ ဂျော်ဂျီနာတို့က ၂၀၁၆ခုနှစ်မှာ တွေ့ဆုံခဲ့ပြီးနောက် ဆယ်စုနှစ် ၁ ခုကြာ အတူရှိခဲ့ကြတာပါ။ ၁၀ စုနှစ်တစ်ခုကြာပြီးမှ သူတို့နှစ်ဦး မင်္ဂလာပွဲကျင်းပဖြစ်ခဲ့ပါတယ်။

သူတို့မှာ သားသမီး ၅ ဦးရှိပါတယ်။ ၂၀၁၀ ခုနှစ်မှာ မွေးခဲ့တဲ့ သားအကြီးဆုံး ရော်နယ်ဒို ဂျူနီယာက ဂျော်ဂျီနာရဲ့သားအရင်းမဟုတ်ပါဘူး။ မိခင်ဘယ်သူဆိုတာကို ထုတ်ပြောမထားပါဘူး။ ဂျော်ဂျီနာက သူ့သားအရင်းသဖွယ်ပြုစုပျိုးထောင်ပေးခဲ့ပါတယ်။ သူတို့ရဲ့သမီးလေး အာလာနာ မာတီနာကို ၂၀၁၇ ခုနှစ် နိုဝင်ဘာမှာ မွေးဖွားခဲ့ပါတယ်။ အဲဒီမတိုင်ခင် လများစွာတုန်းက အမြွှာ ကလေးဖြစ်တဲ့ မာတီယိုနဲ့ အီဗာ မာရီယာတို့ကို အငှားကိုယ်ဝန်ဆောင်နဲ့ ယူခဲ့ကြပါတယ်။ သမီးလေးဘယ်လာအက်စမာရယ်ဒါကို ၂၀၂၂ ခုနှစ် ဧပြီလမှာ မွေးဖွားခဲ့ပါတယ်။ အဲ့ဒီမွေးဖွားမှုမှာ အမြွှာဖြစ်တဲ့ သားလေးက သေဆုံးခဲ့ပါတယ်။

Ref: Cristiano Ronaldo Marries Georgina Rodriguez In Private Ceremony.

WL (ရိုးရာလေး) 

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top