ဟောင်ကောင်မင်းသားကြီး အန်ဒီလောဟာ Hong Kong Baptist University ကနေ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ချီးမြှင့်ခံခဲ့ရပါတယ်။ ဩဂုတ်လ ၁၀ ရက်နေ့မှာ ကျင်းပခဲ့တဲ့ ဘွဲ့နှင်းအပ်ပွဲအခမ်းအနားမှာ ရယူခဲ့တာပါ။
AI က ဒေါက်တာလော ဘယ်တော့မှ ဖြစ်မလာနိုင်ဘူး။ သူ့ရဲ့ လူသားဆန်မှု၊ အရည်အချင်း၊ စိတ်ခံစားမှုဆိုင်ရာနှောင်ကြိုးတွေကို အစားထိုးလို့မရနိုင်ဘူး။ နှိမ့်ချပြီး လူ့အဖွဲ့အစည်းကို ပြန်လည်ပေးဆပ်ဖို့ စိတ်နှစ်ထားတဲ့သူလို့ HKBU ရဲ့ ဥက္ကဋ္ဌ Alexander Wai က ပြောကြားခဲ့ပါတယ်။ အန်ဒီလောက ၂၀၁၇ ခုနှစ်ကလည်း Hong Kong Shue Yan University ကနေ ဂုဏ်ထူးဆောင်စာပေပါရဂူဘွဲ့ကို ရရှိခဲ့ပါသေးတယ်။
သူ့ကို ၁၉၉၀ ပြည့်နှစ်မှာ ဟောင်ကောင်ရဲ့ Heavenly kings တွေထဲက တစ်ယောက်အဖြစ် တင်စားခေါ်ဝေါ်ခဲ့ကြတာပါ။ ၁၉၉၄ ခုနှစ်မှာ အကူအညီလိုအပ်နေသူတွေကို ကူပေးဖို့နဲ့ လူငယ်ပညာရေးဝန်ဆောင်မှုတွေကို မြှင့်တင်ပေးတဲ့ Andy Lau Foundation ကို တည်ထောင်ခဲ့ပါတယ်။ ၂၀၀၈ ခုနှစ်မှာ မလေးရှားလူမျိုး Carol Chu နဲ့ လက်ထပ်ခဲ့ပြီး ၁၄ နှစ်အရွယ် သမီးလေးတစ်ယောက်ရှိပါတယ်။
Ref: Andy Lau receives honorary doctorate from Hong Kong university
WL (ရိုးရာလေး)

