ကမ္ဘာ့ရုပ်အဆိုးဆုံး ခွေးပြိုင်ပွဲမှာ ကယ်လီဖိုးနီးယားပြည်နယ်၊ ယူကီယာမြို့မှ ခွေးငယ်လေး ဂျင်နီလုက ဗိုလ်စွဲသွားခဲ့ပါတယ်။ ၆ နှစ်အရွယ်ရှိတဲ့ ခွေးမလေး ဂျင်နီလုကို တောင်ကိုရီးယားနိုင်ငံ တောင်တန်းတွေပေါ်မှ ကောက်ရိုးပုံတစ်ခုကနေ တွေ့ရှိခဲ့တာဖြစ်ပြီး လွန်ခဲ့တဲ့ ၄ နှစ်မှာ လက်ရှိသခင် မီရှယ်ဂရာဒီက သူ့ကို စတင်မွေးမြူခဲ့တာပါ။
ဂျင်နီလုဟာ ကမ္ဘာ့ရုပ်အဆိုးဆုံး ခွေးပြိုင်ပွဲမှာ ပထမဆု ရခဲ့တာကြောင့် ဆုကြေးငွေ ဒေါ်လာ ၅၀၀၀ နဲ့ ဆုဖလား ရရှိခဲ့ပြီး ဒီပြိုင်ပွဲရဲ့ စပွန်ဆာဖြစ်တဲ့ Mug Root Beer ဘူးခွံတွေမှာလည်း သူ့မျက်နှာပုံ ရိုက်နှိပ်ဖော်ပြခံရမှာ ဖြစ်ပါတယ်။

ကမ္ဘာ့ရုပ်အဆိုးဆုံး ခွေးပြိုင်ပွဲဟာ သက်တမ်း နှစ် ၅၀ ဝန်းကျင် ကြာမြင့်လာခဲ့ပြီဖြစ်ပြီး စင်းလုံးချော ပြည့်စုံခြင်းမရှိတဲ့ ခွေးလေးတွေကို ဂုဏ်ပြုပေးဖို့၊ ခွေးလေးတွေရဲ့ သွင်ပြင်လက္ခဏာက ဘယ်လိုပဲဖြစ်ဖြစ် လူတွေရဲ့ ချစ်ခြင်းမေတ္တာနဲ့ ထိုက်တန်ကြောင်း သတိရမိစေဖို့ ရည်ရွယ်ကျင်းပနေတာ ဖြစ်ပါတယ်။
Ref: Jinny Lu, A Rescue Pug, Wins the ‘World’s Ugliest Dog’ Contest
NZ (ရိုးရာလေး)

