မာလီနိုင်ငံမှ ဇနီးမောင်နှံဟာ ကိုးမြွှာပူး မွေးဖွားခဲ့ပြီး ဂင်းနက်စ်စံချိန် တင်နိုင်ခဲ့ပါတယ်။ အသက် ၂၅ နှစ်အရွယ် မာလီနိုင်ငံသူ ဟာလီမာဆစ်ဆီဟာ ၂၀၂၁ ခုနှစ် မေလက ကိုးမြွှာပူး မွေးဖွားခဲ့တာပါ။
အစောပိုင်းမှာ ဆရာဝန်တွေက ခုနှစ်မြွှာပူးလို့ ထင်မှတ်ခဲ့ကြပေမဲ့ နောက်ထပ် စစ်ဆေးမှုတွေအရ အံ့အားသင့်ဖွယ်ရာ ကိုးမြွှာပူးလို့ အတည်ပြုနိုင်ခဲ့တာပါ။ အနည်းငယ်မျှ အတိမ်းစောင်း မခံနိုင်တဲ့ အခြေအနေမို့ မာလီအစိုးရရဲ့ စီစဉ်မှုနဲ့အတူ ဟာလီမာဆစ်ဆီကို မော်ရိုကိုနိုင်ငံသို့ ပို့ဆောင်ကာ ခွဲမွေးစေခဲ့တာပါ။
ကိုယ်ဝန်ဆောင်ချိန် သီတင်းပတ် ၃၀ မှာ ခန္ဓာကိုယ်အလေးချိန် ၁.၁ ပေါင်မှ ၂.၂ ပေါင်ကြားရှိတဲ့ မိန်းကလေး ၅ ဦး၊ ယောကျားလေး ၄ ဦးကို အောင်မြင်စွာ မွေးဖွားနိုင်ခဲ့ပြီး ကလေးငယ်အားလုံး အသက်ရှင်ခဲ့ကြပါတယ်။
ဒါဟာ ကမ္ဘာပေါ်မှာ တစ်ကြိမ်တည်းနဲ့ ကလေးငယ်အများဆုံး အောင်မြင်စွာ မွေးဖွားပြီး ကလေးအားလုံး အသက်ရှင်သန်မှုအဖြစ် ဂင်းနက်စ်စံချိန်တင်နိုင်ခဲ့ပါတယ်။ အခုချိန်မှာတော့ ကလေးငယ် ၉ ဦးဟာ အသက် ၅ နှစ်ပြည့်မြောက်ခဲ့ကြပါပြီ။
Ref: World’s First Known Nonuplets Turn Five
NZ (ရိုးရာလေး)

