နာမည်ကြီးသီချင်းများနဲ့ နာမည်ကြီးသလို ပရဟိတလုပ်ငန်းတွေနဲ့ theme park လုပ်ငန်းတွေကြောင့်လည်း လူသိများတဲ့ Country Music အကျော်အမော်အဆိုတော်ကြီး ဒေါ်လီပါတန် ဟာ အသက် ၈၀ အရွယ်မှာ ကွယ်လွန်သွားခဲ့ပါပြီ။
ဒေါ်လီပါတန် သေဆုံးတယ်ဆိုတာကို ဩဂုတ် ၂၅ ရက်နေ့က သူ့ရဲ့ပြန်ကြားရေးတာဝန်ခံက ” အဆိုတော်ဟာ ငြိမ်းချမ်းစွာ သေဆုံးသွားခဲ့ပါတယ် ” လို့ ကြေညာခဲ့တာပါ။ အစကတော့ သေဆုံးရခြင်းအကြောင်းအရင်းကို မပြောပြခဲ့ပါဘူး။ နောက်ပိုင်းထုတ်ပြန်ချက်မှာ ဒေါ်လီပါတန်က ကင်ဆာရောဂါခံစားရပြီးနောက် သူ့ချစ်တဲ့သူတွေဝန်းရံပြီးတော့ the Vanderbilt-Ingram Cancer Centerမှာ သေဆုံးခဲ့ပါတယ်လို့ ရေးသားထားပါတယ်။
ဒေါ်လီပါတန်က ” ပရိသတ်တွေ သိတဲ့အတိုင်း ကျွန်မဟာ ကျန်းမာရေးပြဿနာတွေနဲ့ ရင်ဆိုင်နေခဲ့ပြီး ကျွန်မ လုပ်ထုံးလုပ်နည်းအနည်းငယ်လုပ်ရမယ်လို့ ဆရာဝန်တွေက ပြောပါတယ် “လို့ သူ့ကျန်းမာရေးနဲ့ပတ်သက်ပြီး ၂၀၂၅ ခုနှစ် စက်တင်ဘာလက အင်စတာဂရမ်ကနေတဆင့် ရေးသားခဲ့ပါတယ်။ ၆ လနီးပါးအကြာမှာ သူ ကျန်းမာရေးပြဿနာအနည်းငယ်ရှိနေတုန်းဖြစ်ပြီး ပြန်လည်သက်သာလာဖို့ အချိန်ယူနေရတယ်လို့လည်း ပြောခဲ့ပါသေးတယ်။
သူ မသေဆုံးခင် ၁၀ ရက်လောက်မှာ သူ့ရဲ့ Dollywood theme park မှာ နေရာအသစ်တစ်ခုဖွင့်လှစ်ခြင်းကို ဂုဏ်ပြုဖို့ စီစဉ်ထားတဲ့ ဖျော်ဖြေပွဲကို ဖျက်သိမ်းခဲ့သလို သူ့ဆရာဝန်က ကျန်းမာရေးပြဿနာကြောင့် ခရီးမသွားရဘူးလို့ ပြောထားတယ်လို့လည်း ပြောပါတယ်။
ဒေါ်လီပါတန်က ဂီတသက်တမ်း နှစ် ၆၀ ကျော်ပြီး စတူဒီယိုအယ်ဘ်ဘမ်ပေါင်း ၅၀ ကျော်ထွက်ရှိခဲ့တာပါ။ တေးသီချင်းပေါင်း ၃၀၀၀ ကျော်လည်း ရေးသားခဲ့ပါတယ်။ သူ့ရဲ့ထင်ရှားတဲ့သီချင်းတွေက ” Jolene ” , ” Coat of Many Colors ” , ” I Will Always Love You ” ပါ။ ဂရမ်မီဆု ၁၁ ဆုလည်း ရရှိခဲ့ပါတယ်။ သူ့ကို Country Music Hall of Fame မှာ ထည့်သွင်းဂုဏ်ပြုထားပါတယ်။
Ref: Country music legend Dolly Parton dies at 80 after ‘brief battle with cancer’
WL (ရိုးရာလေး)

