မဲရုံအထွက် စစ်တမ်းကောက်ယူမှုအရ အစ္စရေးရွေးကောက်ပွဲမှာ နေတန်ယာဟု အနိုင်ရဖွယ်ရှိ

yyl-002-1.jpg

အစ္စရေးနိုင်ငံ အထွေထွေရွေးကောက်ပွဲမှာ မဲရုံအထွက် စစ်တမ်းကောက်ယူမှုအရ ဝန်ကြီးချုပ် နေတန်ယာဟုက အဓိကပြိုင်ဘက် ဘင်နီဂန့်ဇ်ထက် မဲရလဒ် အသာရနေပြီး ရွေးကောက်ပွဲ အနိုင်ရခဲ့တယ်လို့ ဆိုပါတယ်။ စစ်တမ်းကောက်ယူမှု ၃ ခုအရ နေတန်ယာဟုရဲ့ လက်ယာဝါဒရှိတဲ့ လီကုဒ်(Likud)ပါတီဟာ အမတ်နေရာ ၃၆ နေရာ ဒါမှမဟုတ် ၃၇ နေရာရထားပြီး ဘင်နီဂန့်ဇ်ရဲ့ Blue and White မဟာမိတ်အဖွဲ့က အမတ်နေရာ ၃၂ နေရာကနေ ၃၄ နေရာကြား ရရှိခဲ့တာ တွေ့ရပါတယ်။

ဒါပေမဲ့ အဲဒီစစ်တမ်းအရ လီကုဒ်ပါတီနဲ့ လက်ယာဝါဒ မဟာမိတ်အဖွဲ့တွေဟာ အမတ်နေရာ အများစုပါဝင်တဲ့ အစိုးရဖွဲ့စည်းနိုင်ဖို့ လုံလောက်တဲ့ အမတ်နေရာ မရခဲ့ပါဘူး။ ပြီးခဲ့တဲ့တနင်္လာနေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲဟာ တစ်နှစ်မပြည့်ခင်ကာလအတွင်း အစ္စရေးနိုင်ငံရဲ့ တတိယမြောက် အထွေထွေရွေးကောက်ပွဲဖြစ်ပါတယ်။ နောက်ဆုံးကျင်းပခဲ့တဲ့ အထွေထွေရွေးကောက်ပွဲ ၂ ကြိမ်မှာလည်း အဓိကပါတီကြီးနှစ်ခုလုံးက အမတ်နေရာ ၁၂၀ ရှိတဲ့ လွှတ်တော်မှာ အမတ်နေရာ အများစုပါဝင်တဲ့ အစိုးရဖွဲ့စည်းနိုင်ခဲ့ခငြ်းမရှိပါဘူး။ အသက် ၇၀ ရှိတဲ့ နေတန်ယာဟုဟာ အစ္စရေးနိုင်ငံမှာ အချိန်အကြာဆုံး တာဝန်ထမ်းဆောင်ခွင့်ရတဲ့ ခေါင်းဆောင်ဖြစ်ပြီး ပဥ္စမသက်တမ်းအတွက် ရွေးကောက်ခံခဲ့တာဖြစ်ပါတယ်။ နေတန်ယာဟုကို အကျင့်ပျက်ခြစားမှု စွဲချက်တွေနဲ့ တရားရုံးမှာ ကြားနာမှုမလုပ်ခင် ၂ ပတ်အလိုမှာ ရွေးကောက်ပွဲကျင်းပခဲ့တာဖြစ်ပါတယ်။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top