“ကောင်းသောနေ့များဆီသို့” လူမှုအကျိုးပြုအစီအစဉ်၏ လှူဒါန်းမှုတစ်ခုအဖြစ် “ရင်ခွင်မဲ့သူများ ဆုံဆည်းရာ ဘက်စုံလူငယ်ဖွံ့ဖြိုးရေးကျောင်း” သို့ ကျပ် (၁၂၂) သိန်းကျော် တန်ဖိုးရှိ အသုံးအဆောင်နှင့် ပညာသင်ထောက်ကူပစ္စည်းများလှူဒါန်းခဲ့သည့် Apple Authorized Reseller – XtraSure  

xt.webp

မြန်မာနိုင်ငံတွင် သူမတူအကောင်းဆုံးသော Apple Experience များကို ပေးအပ်နေသော Apple Authorized Reseller ကုမ္ပဏီကြီးတစ်ခုဖြစ်သည့် XtraSure သည် ပဲခူးမြို့ရှိ “ရင်ခွင်မဲ့သူများ ဆုံဆည်းရာ”  ဘက်စုံလူငယ်ဖွံ့ဖြိုးရေးကျောင်းသို့ သွားရောက်၍ ကလေး၊ လူငယ် စုစုပေါင်း (၁၆၇) ယောက် အတွက် လိုအပ်သော စာသင်ခုံများ၊ ပညာသင်ထောက်ကူပစ္စည်းများနှင့် ဆေးဝါးများကို လှူဒါန်းပေးအပ်သည့် အခမ်းအနားအား စက်တင်ဘာလ ၁၅ ရက်၊ ၂၀၂၆ ခုနှစ် တွင် ကျင်းပခဲ့သည်။ အဆိုပါ လှူဒါန်းမှုအခမ်းအနားတွင် XtraSure နှင့်အတူ ဝန်ထမ်းများမှ ကျောင်းသား၊ ကျောင်းသူများအား အာဟာရဒါန ကျွေးမွေးပြီး ပညာသင်ထောက်ကူပစ္စည်းများကို အတူတကွ ပေးအပ်လှူဒါန်းခဲ့ကြသည်။


ယခုလှူဒါန်းမှုသည် XtraSure ၏ “ကောင်းသောနေ့များဆီသို့” CSR လူမှုအကျိုးပြုအစီအစဉ်၏ ပညာရေးကဏ္ဍအောက်မှ အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ပြီး XtraSure သည် အရည်အသွေးမြင့် Apple နည်းပညာထုတ်ကုန်များကို ရောင်းချပေးရုံသာမက Customer များ၏ ဝယ်ယူမှုတိုင်းကို မြန်မာ့မျိုးဆက်သစ်လူငယ်များ၏ ပညာရေးနှင့် လူမှုအသိုက်အဝန်းအတွက် အမှန်တကယ်ထိရောက်မှုရှိစေမည့် ရေရှည်အကျိုးရှိသော ပံ့ပိုးမှုတစ်ခုအဖြစ် အတူတကွ ဖန်တီးပေးနိုင်ရန် ရည်ရွယ်ခြင်းဖြစ်သည်။


XtraSure သည် Customer များအနေဖြင့် XtraSure မည်သည့်ဆိုင်ခွဲတွင်မဆို Apple ထုတ်ကုန်များ ဝယ်ယူပြီး လူမှုအကျိုးပြုလုပ်ငန်းများတွင် ကိုယ်တိုင်ပါဝင်နိုင်သည့် ကမ်ပိန်းကို ဩဂုတ်လ ၁၆ ရက်နေ့မှ စက်တင်ဘာလ ၁၀ ရက်နေ့ အထိ ပြုလုပ်ခဲ့သည်။ Customer များသည် အဆိုပါ ကမ်ပိန်းမှတစ်ဆင့် Apple Product ဝယ်ယူမှုမှတစ်ဆင့် ရရှိလာသော Sure Benefits ပွိုင့်များကို မျှဝေလိုသည့် ပမာဏ percentage အလိုက် ပြန်လည်လှူဒါန်းပြီး အထောက်အပံ့လိုအပ်သော ကလေး၊ လူငယ်များအတွက် လှူဒါန်းခဲ့ခြင်းဖြစ်သည်။ ထို့အပြင် Customer များအား ကလေး၊ လူငယ်များထံ ပေးပို့လိုသည့် ဆုတောင်းဆန္ဒမွန်များကို ကိုယ်တိုင်ရေးသားနိုင်မည့် ဆုတောင်းကတ်များကိုလည်း စီစဉ်ပေးခဲ့သည်။


ယခုအစီအစဉ်တွင် XtraSure ၏ ကနဦး မတည်လှူဒါန်းငွေကျပ် သိန်း (၁၀၀) နှင့်အတူ XtraSure ဝန်ထမ်းများမှ ထည့်ဝင်လှူဒါန်းငွေကျပ် (၁,၅၅၀,၀၀၀) အပါအဝင် Customer များမှ Sure Benefits ပွိုင့်များမှတစ်ဆင့် ပြန်လည်လှူဒါန်းခဲ့သော လှူဒါန်း ငွေကျပ် (၆၉၉,၈၅၄) တို့အား ထပ်မံထည့်ဝင်လှူဒါန်းခဲ့သည်။ စုစုပေါင်း အနေဖြင့် ငွေကျပ် (၁၂,၂၄၉,၈၅၄) သိန်း အား အထောက်အပံ့လိုအပ်သော ကလေးလူငယ်များအတွက် စာသင်ခုံများ၊ ပညာသင်ထောက်ကူပစ္စည်းများနှင့် ဆေးဝါးများအဖြစ် လှူဒါန်းပေးအပ်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် Customer များအနေဖြင့် လည်း XtraSure တွင် Apple ထုတ်ကုန်များကို ဝယ်ယူရုံဖြင့် အကောင်းဆုံးသော Apple Experience ကို ရရှိနိုင်ရုံသာမက လိုအပ်နေသော ကလေးငယ်များအတွက် ပညာသင်ကြားရာတွင် အထောက်အကူဖြစ်‌စေရန်အတွက် XtraSure နှင့်အတူ ဖော်ဆောင်နိုင်ခဲ့ပါသည်။


XtraSure ၏ Spokesperson ဖြစ်သူ ကိုထွန်းမြင့်ဇော် က “XtraSure ကို စတင်တည်ထောင်ခဲ့တဲ့အချိန်ကတည်းက ယုံကြည်အားပေးလာကြတဲ့ Customer တစ်ဦးချင်းစီကို အထူးကျေးဇူးတင်ပါတယ်။ ဒီတစ်ခေါက်မှာ ‘ကောင်းသောနေ့များဆီသို့’ CSR အစီအစဉ်ကနေတစ်ဆင့် Customer တွေရဲ့ ဝယ်ယူမှုတိုင်းကို အဓိပ္ပာယ်ရှိတဲ့ လူမှုအကျိုးပြုမှုတစ်ခုအဖြစ် ပြောင်းလဲပေးနိုင်ဖို့ ရည်ရွယ်ပြီး ဒီကမ်ပိန်းလေးကို စတင်ခဲ့တာပါ။ Apple Product တွေ ဝယ်ယူတဲ့အခါ ရရှိတဲ့ Sure Benefits ပွိုင့်တွေကိုလည်း Customer တွေရဲ့ ဆန္ဒနဲ့အညီ ပြန်လည်လှူဒါန်းနိုင်တဲ့ အခွင့်အရေးမျိုး စီစဉ်ခဲ့ပါတယ်။ Customer တွေရဲ့ ပါဝင်ပံ့ပိုးမှုတွေနဲ့ ကိုယ်တိုင်ရေးပေးခဲ့တဲ့ ဆုတောင်းအားပေးစာလေးတွေက ဒီလှူဒါန်းမှုကို ပိုမိုနွေးထွေးပြီး အဓိပ္ပာယ်ရှိစေခဲ့သလို ကလေးတွေရဲ့ ပညာရေးအတွက် အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်ခဲ့တာကိုလည်း အရမ်းဝမ်းမြောက်မိပါတယ်။ ရှေ့ဆက်ပြီးလည်း Customer တွေနဲ့အတူ လူမှုအသိုက်အဝန်းအတွက် အကျိုးရှိစေမယ့် အစီအစဉ်တွေကို ဆက်လက်ဖော်ဆောင်သွားမှာပါ။” ဟု ပြောကြားခဲ့သည်။


အဆိုပါအစီအစဉ်တွင် ပါဝင်ခဲ့သည့် ရန်ကုန်မှ Customer တစ်ဦးဖြစ်သူ မချိုဇင် ကလည်း “XtraSure က ဒီလိုအစီအစဉ်မျိုး စီစဉ်ပေးတာဟာ Customer တွေကို လူမှုအကျိုးပြုလုပ်ငန်းတွေမှာ ကိုယ်တိုင်ပါဝင်ခွင့်ရစေတဲ့အတွက် အရမ်းကောင်းတဲ့ အကြံဉာဏ်တစ်ခုလို့ ထင်ပါတယ်။ ကိုယ်ဝယ်ယူလိုတဲ့ Apple ထုတ်ကုန်ကိုလည်း ဝယ်ယူရင်း တစ်ဖက်မှာလည်း လိုအပ်နေတဲ့ ကလေးတွေအတွက် ပါဝင်ကူညီခွင့်ရတာက အရမ်းအဓိပ္ပာယ်ရှိပါတယ်။ ဒါ့အပြင် ကိုယ်ရေးထားတဲ့ ဆုတောင်းစာ‌လေးတွေ ကလးတွေဆီ ရောက်သွားတာဖြစ်တဲ့အတွက် ကလေးတွအနေနဲ့ ခွန်အားပြည့်တဲ့နေ့ရက်လေးတွေနဲ့ ပိုကောင်းမွန်ပြီး နွေးထွေးတဲ့ နေ့ရက်လေးတွေ ရလိမ့်မယ်လို့ မျှော်လင့်ပါတယ်။” ဟု ပြောကြားခဲ့သည်။


“ရင်ခွင်မဲ့သူများ ဆုံဆည်းရာ” ဘက်စုံလူငယ်ဖွံ့ဖြိုးရေးကျောင်းကို ၂၀၁၉ ခုနှစ်တွင် စတည်တည်ထောင်ခဲ့ပြီး ဒီကျောင်းမှာ ကျောင်းစာအပြင် ဘဝရှင်သန်ရေး မခက်ခဲစေဖို့အတွက် ကွန်ပျူတာ၊ စက်ချုပ်၊ အဆိုအတီး၊ အချက်အပြုတ်၊ လက်မှုပညာ စသည့် အသက်မွေးဝမ်းကျောင်းပညာရပ်များကိုလည်း သင်ကြားပေးလျက်ရှိသည်။ အဆိုပါကျောင်းမှ ဆရာတော် ဦးကုသလ ကလည်း ” အခုလို XtraSure ကနေ လာရောက်လှူဒါန်းပေးတဲ့အတွက် ကလေးတွေလိုအပ်တဲ့ အရာတွေကို ဖြည့်ဆည်းပေးနိုင်ရုံသာမက သူတို့ရဲ့ ဆက်လက်ကြိုးစားသင်ယူလိုတဲ့ စိတ်ဓာတ်နဲ့ ယုံကြည်မှုကိုလည်း အားဖြည့်ပေးရာရောက်ပါတယ်။ အထူးသဖြင့် XtraSure က ကိုယ်တိုင် လာရောက်ပြီး ကလေးတွေနဲ့ ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးပေးတာဟာ ကလေးတွေအတွက် ပိုမိုနွေးထွေးတဲ့ အမှတ်တရတစ်ခု ဖြစ်စေခဲ့ပါတယ်။ ဒီလို မြန်မာ့မျိုးဆက်သစ်ကလေးတွေရဲ့ အနာဂတ်အတွက် စေတနာထားပြီး ပံ့ပိုးပေးတဲ့ XtraSure နဲ့ ပါဝင်လှူဒါန်းပေးကြတဲ့ Customer တွေနဲ့ ဝန်ထမ်းတွေ အားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်။” ဟု မိန့်ကြားခဲ့သည်။


“ကောင်းသောနေ့များဆီသို့” သည် XtraSure ၏ လူမှုအကျိုးပြု CSR အစီအစဉ်တစ်ခုဖြစ်ပြီး ပညာရေး၊ ကျန်းမာရေးနှင့် သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးကဏ္ဍများမှတစ်ဆင့် မြန်မာနိုင်ငံတစ်ဝှမ်းရှိ လူမှုအသိုက်အဝန်းများအတွက် ပိုကောင်းမွန်သော နေ့စဉ်လူမှုဘဝများအား ဖော်ဆော်ပေးရန် ရည်ရွယ်ပါသည်။ ရှေ့ဆက်၍လည်း XtraSure သည် ဝယ်ယူသူများအတွက် အရည်အသွေးပြည့်ဝပြီး စစ်မှန်ပြည့်စုံကောင်းမွန်သည့် Apple Experience များကို ဆက်လက်ပေးအပ်သွားမည် ဖြစ်သကဲ့သို့ မြန်မာ့လူမှုအသိုက်အဝန်းအတွက် အကျိုးရှိစေမည့် လူမှုအကျိုးပြုလုပ်ငန်းများကို ဆက်လက်ပံ့ပိုးလုပ်ဆောင်သွားမည် ဖြစ်ပါသည်။

“ကောင်းသောနေ့များဆီသို့” CSR အကြောင်းအသေးစိတ်သိရှိရန် – https://xtrasure.store/blogs/csr-program/

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top