ကိုယ်ဝန်သက်တမ်း ၂၁ ပတ်နဲ့ ၃ ရက်အကြာမှာ မွေးဖွားလာခဲ့ပြီး ဆရာဝန်တွေက အသက်ရှင်မှာ မဟုတ်ဘူးလို့ ယူဆခဲ့ကြတဲ့ ကလေးငယ်ဟာ ထင်ကြေးတွေကို လွန်ဆန်ပြီး အံ့အားသင့်ဖွယ် အသက်ရှင်ခဲ့ပါတယ်။
ခန္ဓာကိုယ်အလေးချိန် ၃၅၁ ဂရမ် (စွပ်ပြုတ်ဘူး သို့မဟုတ် အချိုရည်ဘူးတစ်ဘူး)ပဲ ရှိတဲ့ ကလေးငယ် တာနုဝါဆာ (Makerita ‘Miracle’ Tanuvasa)ဟာ အထူးကြပ်မတ်ကုသဆောင်မှာ ၁၄ ပတ်ကြာ ကုသစောင့်ရှောက်မှု ခံယူခဲ့ရပါတယ်။
တာနုဝါဆာရဲ့မိခင် အန်းရို့စ်(Annrose Tanuvasa)ဟာ မီးမဖွားခင် ၅ ရက်အလိုမှ သူ့မှာကိုယ်ဝန်ရှိနေမှန်း သိခဲ့တာပါ။ အမြွှာကိုယ်ဝန်ဆောင်ခဲ့ပြီးနောက် တစ်ဦး ပျက်ကျသွားတာကြောင့် ကိုယ်ဝန်ရှိနေတာကို သတိမပြုမိတာ ဖြစ်နိုင်တယ်လို့ ဆရာဝန်တွေက ယူဆခဲ့ကြပါတယ်။
၂၀၂၆ ခုနှစ် မတ်လ ၂၅ ရက်နေ့က Royal Brisbane and Women’s Hospital ဆေးရုံမှာ တာနုဝါဆာကို မွေးဖွားခဲ့ပြီး သတ်မှတ်ရက်ထက် ၄ လ ပိုစောခဲ့ပါတယ်။ တာနုဝါဆာဟာ သြစတြေးလျနိုင်ငံမှာ ကိုယ်ဝန်ဆောင်ချိန် သက်တမ်းအနုဆုံး မွေးဖွား အသက်ရှင်သန်တဲ့ ကလေးအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
တာနုဝါဆာ အသက်ရှင်သန်ခြင်းဟာ မွေးကင်းစကလေးငယ် ကုသရေးပညာရပ် (Neonatal Medicine) မှာ မှတ်တိုင်သစ်တစ်ခုအဖြစ်လည်း သတ်မှတ်ခံခဲ့ရပါတယ်။
Ref: A baby girl born was just born at 21 weeks. Doctors gave her almost no chance of survival.
NZ (ရိုးရာလေး)

