McDonald’s ဆိုင်ရဲ့ မီးအလင်းရောင်အောက်မှာ စာကျက်ခဲ့ရတဲ့ ဖိလစ်ပိုင်ကလေးငယ် ကောလိပ်တက်ရင်း အဲဒီဆိုင်ရဲ့ ဝန်ထမ်းအဖြစ် လုပ်ကိုင်နေ

Screenshot-2026-09-16-152848.png

အသက် ၉ နှစ်အရွယ်တုန်းက ညဘက်ဆိုရင် McDonald’s ဆိုင်ရဲ့ မီးအလင်းရောင်အောက်မှာ စာသွားကျက်ရတဲ့ ဖိလစ်ပိုင်ကလေးငယ်ဟာ ကောလိပ်ပညာရေး အောင်မြင်ပြီးဆုံးသွားခဲ့ပြီး အဲဒီ McDonald’s ဆိုင်မှာ အလုပ်ဝင်နေပြီ ဖြစ်ပါတယ်။

ဒန်နီယယ်ကာဘရီရာ (Daniel Cabrera) ဟာ နေအိမ် မီးလောင်သွားလို့ အိမ်ရာမဲ့ဖြစ်ပြီး မိခင်၊ အစ်ကို၊ ညီဖြစ်သူတို့နဲ့အတူ လမ်းဘေးမုန့်ဆိုင်လေးမှာ နေထိုင်ရသူပါ။ ဖခင် ဆုံးပါးသွားလို့ မိခင်ကပဲ ရှာဖွေကျွေးမွေးနေရတာကြောင့် နွမ်းပါးလွန်းပြီး မီးအိမ်တောင် မဝယ်နိုင်တဲ့အတွက် ညဘက်ရောက်ရင် McDonald’s ဆိုင်ရဲ့ အလင်းရောင်ရတဲ့နေရာမှာ စာ လာလုပ်ရတာပါ။

၂၀၁၅ ခုနှစ်က ဒန်နီယယ် စာလုပ်နေတဲ့မြင်ကွင်းကို ဖိလစ်ပိုင်နိုင်ငံမှ ဆေးကျောင်းသူ ဂျွိုက်စ်က တွေ့ရှိသွားပြီး လူမှုကွန်ရက်ပေါ် တင်ခဲ့ရာမှာ ဒန်နီယယ်အတွက် ပညာသင်စရိတ် ထောက်ပံ့ပေးသူတွေနဲ့ ကျောင်းသုံးပစ္စည်းနဲ့ အသုံးအဆောင် အလှူရှင်တွေ ပေါ်ပေါက်လာခဲ့ပါတယ်။

ဒန်နီယယ်ဟာ အခက်အခဲတွေကြားမှ ပညာရေးကို ကျားကုပ်ကျားခဲ ကြိုးစားခဲ့ပြီး အထက်တန်းအဆင့်ကို ဂုဏ်ထူးတွေနဲ့ အောင်မြင်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ Benedicto ကောလိပ်မှာ ဧည့်ဝတ်ပြုမှုဆိုင်ရာ စီမံခန့်ခွဲမှုပညာ (Hospitality Management) ကို တက်ရောက်သင်ယူနေပြီး လုပ်ငန်းခွင်အတွေ့အကြုံ ရဖို့အတွက် သူ စာကျက်ဖို့ အလင်းရောင်ပေးခဲ့တဲ့ McDonald’s ဆိုင်ခွဲမှာ အလုပ်ဝင်လုပ်နေပါပြီ။

Ref: Viral student continues education 11 years later

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top