စပိန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် လူနာတွေကို ကမ်းခြေလိုက်ပို့

4-6-2020-yyl-002.jpg

ပြန်လည်ထူထောင်ရေး အစီအစဉ်တစ်စိတ်တစ်ပိုင်းအဖြစ် စပိန်နိုင်ငံရဲ့ COVID-19 လူနာတွေကို ကမ်းခြေခရီး လိုက်လံပို့ဆောင်ပေးခဲ့ပါတယ်။ ဘာစီလိုနာမြို့ Hospital del Mar ဆေးရုံရဲ့ ကျန်းမာရေးအဖွဲ့တွေက အထူးကြပ်မတ်ကုသခန်းမှာ ကုသနေရသူတွေကို လူသားချင်းစာနာတဲ့ အငွေ့အသက် ဖန်တီးပေးစေဖို့ ရည်ရွယ်ပြီး ကမ်းခြေခရီး လိုက်ပို့ပေးခဲ့တာပါ။ စပိန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၂၃၉၉၃၂ ယောက် ရှိပြီး သေဆုံးသူ ၂၇၁၂၇ ယောက် ရှိပါတယ်။

စပိန်အစိုးရက ဥရောပရဲ့ အတင်းကျပ်ဆုံး ပိတ်ဆို့မှုစည်းမျဉ်းတွေ ချမှတ်ခဲ့ပေမဲ့ အခုချိန်မှာတော့ တဖြည်းဖြည်းချင်း ဖြေလျှော့မှုတွေ ပြုလုပ်နေပါပြီ။ စပိန်နိုင်ငံဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာပဲ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ခဲ့ပါပြီ။ ပြီးခဲ့တဲ့တနင်္လာနေ့နဲ့ အင်္ဂါနေ့တွေမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူသေဆုံးမှုမရှိခဲ့ပါဘူး။ ဒါပေမဲ့ စပိန်ဝန်ကြီးချုပ် ပက်ဒရိုဆန်းချက်ဇ်ကတော့ အရေးပေါ်အခြေအနေကို ဇွန်လ ၂၁ ရက်အထိ သက်တမ်းတိုးမြှင့်ဖို့ လွှတ်တော်ကို တောင်းဆိုထားပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top