တောင်ကိုရီးယားနိုင်ငံရဲ့နာမည်ကြီးမင်းသမီးချော ပတ်ရှင်ဟေးဟာ ဒုတိယရင်သွေးလေးကို မွေးဖွားလိုက်ပါပြီ။ အသက် ၃၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရှင်ဟေးက သမီးလေးကို စက်တင်ဘာ ၂၂ ရက်နေ့က မွေးဖွားခဲ့တယ်ဆိုတာကို သူ့ရဲ့အေဂျင်စီ Salt Entertainment က ကြေညာခဲ့တာပါ။
“မိခင်ရောကလေးပါ ကျန်းမာရေးကောင်းမွန်နေပါတယ်။ ရှင်ဟေးက မိသားစုရဲ့ချစ်ခင်ဂရုစိုက်မှုတွေနဲ့ အနားယူနေပြး ပြန်လည်အားဖြည့်နေပါတယ်။ စိတ်ရင်းနဲ့ ဂုဏ်ပြုစကားပြောကြားခဲ့ကြတဲ့ လူတိုင်းကို ကျေးဇူးတင်ရှိပြီး ဒီကလေးလေးအတွက် နွေးထွေးတဲ့ဆုမွန်ကောင်းတွေ၊ အားပေးပံ့ပိုးမှုတွေလုပ်ပေးကြဖို့ လေးစားစွာတောင်းဆိုအပ်ပါတယ်”လို့ အေဂျင်စီက ပြောကြားခဲ့ပါတယ်။
ရှင်ဟေးက မင်းသားထယ်ဂျွန်းနဲ့ ၅ နှစ်နီးပါးကြာတွဲခဲ့ပြီးနောက် ၂၀၂၂ ခုနှစ် ဇန်နဝါရီမှာ လက်ထပ်ခဲ့တာပါ။ သူတို့ရဲ့သားဦးလေးကို ၂၀၂၂ ခုနှစ် မေလမှာ ပိုင်ဆိုင်ခဲ့ရပါတယ်။
Ref: Park Shin-hye gives birth to 2nd child, a daughter
WL (ရိုးရာလေး)

