ပါကစ္စတန်နိုင်ငံမှာ စံချိန်တင် ရေကြီးရေလျှံမှုကြောင့် ၆၂ မိုင်ကျယ်တဲ့ ကုန်းတွင်းရေအိုင်ကြီး ဖြစ်ပေါ်လာ

9-1-2022-yyl-24.jpg

ပါကစ္စတန်နိုင်ငံမှာ စံချိန်တင် ရေကြီးရေလျှံမှုကြောင့် အိန္ဒုမြစ် ရေလျှံပြီး ဆင်းဒ်ပြည်နယ်မှာ ကီလိုမီတာ ၁၀၀ ကျယ်ဝန်းတဲ့ ကုန်းတွင်းရေအိုင်ကြီးဖြစ်ပေါ်လာတာကို ဂြိုဟ်တုဓာတ်ပုံသစ်တွေက ဖော်ပြနေပါတယ်။

ပြီးခဲ့တဲ့ဇွန်လနောက်ပိုင်း ပါကစ္စတန်နိုင်ငံသမိုင်းတစ်လျှောက် အကြီးမားဆုံး မိုးရွာသွန်းမှုကြောင့် ရေကြီးရေလျှံခဲ့လို့ လူ ၁၁၆၂ ဦး သေဆုံးခဲ့ပြီး ရေဘေးသင့်သူ ၃၃ သန်းအထိ ရှိခဲ့ပါတယ်။ သြဂုတ်လ ၂၈ ရက်မှာ နာဆာရဲ့ MODIS ဂြိုဟ်တုဆင်ဆာကနေ ရိုက်ကူးထားတဲ့ ဓာတ်ပုံသစ်တွေအရ ယခင် လယ်ကွင်းတွေဟာ အခုအခါမှာ ရေတွေ ဖုံးလွှမ်းနေတာ တွေ့ရပါတယ်။ ရေဖုံးလွှမ်းခံရတဲ့ အကျယ်က ၆၂ မိုင်အထိ ရှိနေတာပါ။

ဆင်းဒ်နဲ့ ဘာလိုချီစတန်ပြည်နယ် ၂ ခုလုံးမှာ ပျမ်းမျှမိုးရေချိန်ရဲ့ ၅၀၀ ရာခိုင်နှုန်းအထိ မိုးပိုမိုရွာသွန်းခဲ့ပြီး ရွာလုံးကျွတ် ရေဖုံးလွှမ်းခဲ့သလို အဆောက်အအုံတွေ ပျက်စီးတာ၊ ကောက်ပဲသီးနှံတွေ ပျက်စီးတာတွေ ကြုံခဲ့ရပါတယ်။

Ref: Pakistan’s deadly floods have created a massive 100km-wide inland lake, satellite images show

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top