သူ့ကို မူလတန်းအရွယ်ကတည်းကစပြီး သဘောကျနှစ်သက်ခဲ့ပြီး ပရိသတ်လည်းဖြစ်တဲ့ အစီအစဉ်တင်ဆက်သူနဲ့ လက်ထပ်ခဲ့တဲ့ တရုတ်အဆိုတော်

Wedding.png

အသက် ၂၆ နှစ်အရွယ် တရုတ်ရုပ်သံတင်ဆက်သူ ဖုန်ရှီက အသက် ၄၀ အရွယ် တရုတ်အဆိုတော် ရွှီဆောင်နဲ့ လက်ထပ်လိုက်ပါတယ်။ အခုလိုလက်ထပ်လိုက်တာဟာ သူ့ရဲ့ငယ်စဉ်က အိပ်မက်ကို လက်တွေ့အကောင်အထည်ဖော်နိုင်ခဲ့တာဖြစ်ပါတယ်။ ဖုန်ရှီက မူလတန်းအရွယ်ကတည်းက Vae နာမည်နဲ့လူသိများတဲ့ အဆိုတော် ရွှီဆောင်ရဲ့ ပရိသတ်ဖြစ်ခဲ့တာပါ။

သူတို့နှစ်ယောက် လက်ထပ်လိုက်တယ်ဆိုတာကို မင်္ဂလာဓာတ်ပုံ ၂ ပုံနဲ့အတူ စက်တင်ဘာ ၁၉ ရက်နေ့က Weibo အကောင့်မှာ ကြေညာခဲ့တာပါ။ ရွှီက ၂၀၀၀ ပြည့်နှစ်ကုန်မှာ နာမည်ကျော်ကြားခဲ့ပြီး တရုတ်နိုင်ငံရဲ့လူအကြိုက်များဆုံးအဆိုတော်တွေထဲက တစ်ဦးဖြစ်လာခဲ့တာပါ။

ဖုန်ရှီက မူလတန်းကတည်းက သဘောကျနှစ်သက်ခဲ့တာဖြစ်ပေမဲ့ သူတို့နှစ်ဦးဟာ ၂၀၂၂ ခုနှစ်အောက်တိုဘာတုန်းက Variety Show Hello Saturday မှာ ပထမဆုံးတွေ့ဆုံခဲ့ကြတာပါ။ ဖုန်က အဲ့ဒီအစီအစဉ်ကို တင်ဆက်ပေးခဲ့တာပါ။ အဲ့ဒီနှစ် နိုဝင်ဘာမှာ သူတို့နှစ်ဦး လက်ချင်းတွဲပြီး ဈေးဝယ်ထွက်တာကို မြင်တွေ့ခဲ့ရပြီးနောက် သူတို့ရဲ့ဆက်ဆံရေးက သတင်းထွက်လာခဲ့ပါတယ်။ ဒါပေမဲ့ သူတို့တွဲခဲ့တဲ့ ၄ နှစ်မှာ သူတို့ရဲ့ဆက်ဆံရေးကို တရားဝင်မကြေညာခဲ့ခြင်းတော့မရှိခဲ့ပါဘူး။

သူတို့နှစ်ဦးက ချစ်သူသက်တမ်း ၄ နှစ်အကြာမှာ လက်ထပ်ခဲ့တာဖြစ်ပါတယ်။

Ref: Chinese singer, 40, marries longtime fan & TV host, 26, who had a crush on him since primary school

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top