တစ်နှစ်ပတ်လုံး ထိုင်လို့ သခင့် လာအခေါ်ကို စောင့်သူ

cat-waiting-owner.gif

ရုရှားနိုင်ငံ၊ အနောက်တောင်ပိုင်းရှိ မြို့ငယ်လေး တစ်ခုမှာ ဖြစ်ပါတယ်။ ကြောင် တစ်ကောင်ဟာ တစ်နှစ်ပတ်လုံး လမ်းမ နေရာတစ်ခုမှာ နေ့စဉ် ထိုင်ပါတယ်။ ဘေးပတ်ဝန်းကျင်ဆိုင်မှ လူတို့ရဲ့ ပြောဆိုချက်အရ ကြောင်ဟာ သူ့သခင် စွန့်ပစ်တာကိုခံရတဲ့ နေရာဖြစ်ပြီး ယင်းနေရာမှာပဲ အမြဲထိုင်လို့ သခင်ကို စောင့်ခြင်း ဖြစ်ကြောင်း ဆိုပါတယ်။

သခင်ဟာ ယင်းအနီးတစ်ဝိုက်က တိုက်ခန်းမှာ နေထိုင်ခဲ့ဖူးပြီး အိမ်ပြောင်းတဲ့အခါ ကြောင်ကို မခေါ်သွားပဲ ထားခဲ့ခြင်း ဖြစ်ပါတယ်။ ကြောင်ကို ကားပေါ်ကနေ ဆင်းခိုင်းပြီး ယင်းနေရာကနေ ကားကို မောင်းထွက်သွားတဲ့အခါ ကြောင်ဟာ တတ်နိုင်သလောက် လိုက်ပြေးပါတယ်။ ဒါပေမယ့် မမှီတာကြောင့် နေခဲ့ရပါတယ်။ ယင်း ပတ်ဝန်းကျင်တစ်လျှောက်မှာပဲ လျှောက်သွားပြီး အစွန့်ပစ်ခံရတဲ့ နေရာလေးကို တစ်ရက်တစ်ခါ ပုံမှန်လာထိုင်ပါတယ်။ အချိန်မှန်သွားသွားထိုင်ပြီး တစ်ခါ ထိုင်ရင် ၂ နာရီ၊ ၃ နာရီမက ကြာပါတယ်။ အစာစားချိန်သွားရှာစားပြီး ပြန်သွားထိုင်ပါတယ်။ ညဘက်မှာလည်း ရှိပါတယ်။ ကြောင်ငယ်လေး စားဖို့အတွက် အနီးပတ်ဝန်းကျင်မှ လူများက ကျွေးမွေးထားခြင်း ဖြစ်ပါတယ်။

အိမ်ခေါ်မွေးတော့လည်း မလိုက်ပါဘူး။ သူ့သခင် လာအခေါ်ကိုပဲ စောင့်ဆိုင်းဟန်ဖြင့် အမြဲတမ်း သူအစွန့်ပစ်ခံရတဲ့ နေရာမှာ ရှိနေတတ်ပါတယ်။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top