အောက်တိုဘာ ၁၈ ရက်နေ့ ညနေပိုင်းက မွမ်ဘိုင်းမြို့၊ Juhu နယ်မြေရှိ ဘောလုံးကလပ်တစ်ခုကနေ ထွက်လာတဲ့ ဘောလိဝုဒ်မင်းသား တိုင်ဂါ ရှရော့ဖ်ရဲ့ကားကို လူတစ်စုက သေနတ်နဲ့ပစ်ခတ်ခဲ့ပါတယ်။ နာရီပိုင်းအကြာ၊ သန်းခေါင်ယံ ၁ နာရီ ၃၁ မိနစ်ခွဲလောက်မှာ သံသယရှိသူတွေကို Surat ဘူတာရုံရဲ့ထွက်ပေါက်တစ်ခုကနေ ဝင်ရောက်လာကြတာကို CCTV မှာ တွေ့ရပါတယ်။
ဒီ CCTV မှတ်တမ်းအရ လမ်းကနေ Surat ဘူတာရုံဆီ ရောက်လာပြီး ရထားမစီးခင် သူတို့ရဲ့သွားလာလှုပ်ရှားမှုတွေကို ဖော်ပြနေပါတယ်။ သံသယရှိသူ ၃ ဦးဟာ မဟာရပ်ရှာပြည်နယ်မှာ မှတ်ပုံတင်ထားတဲ့ တက္ကစီတစ်စီးနဲ့ လမ်းခရီးကနေ Surat မြို့ကို ရောက်ရှိလာခဲ့ကြတယ်လို့ ဆိုပါတယ်။
ရဲတပ်ဖွဲ့သတင်းရင်းမြစ်တွေရဲ့အဆိုအရ သံသယရှိသူ သုံးဦးဟာ အဆိုပါ တိုက်ခိုက်မှုကို လုပ်ဆောင်ဖို့ ကြိုတင်ငွေအဖြစ် စုစုပေါင်း ရူပီး ၅၀,၀၀၀ ရရှိခဲ့ကြတယ်လို့ သိရပါတယ်။ စုံစမ်းစစ်ဆေးရေးမှူးတွေက တရားခံတွေရဲ့ တစ်ဦးချင်းစီပါဝင်ပတ်သက်မှုကို ဖော်ထုတ်ဖို့နဲ့ သုံးဦးစလုံး ပစ်ခတ်မှုမှာ တိုက်ရိုက်ပါဝင်ခြင်း ရှိမရှိ စစ်ဆေးမေးမြန်းနေပါတယ်။
ကားကို သေနတ်နဲ့အပစ်ခံရတဲ့နေ့က တိုင်ဂါ ရှရော့ဖ် ဟာ ကားမှန်တင်ထားလျက် ပရိသတ်တွေကို လက်ပြနှုတ်ဆက်ခဲ့တာပါ။ ရှေ့ဆုံးကအမျိုးသားဟာ လက်နှစ်ဖက်နဲ့ထောက်ကိုင်ထားတဲ့ သေနတ်တစ်လက်ကို မြှောက်ကာ ကားကိုပစ်ခတ်ခဲ့တယ်လို့ ဗီဒီယိုဖိုင်မှာ ပြသထားပါတယ်။ ဦးထုပ်ဆောင်းထားတဲ့ အခြားအမျိုးသားတစ်ဦးကလည်း တစ်ဖက်မှနေပြီးတော့ သေနတ်နဲ့ ပစ်ခတ်နေပါတယ်။ မော်တော်ဆိုင်ကယ်တစ်စီးပေါ်မှာ လူတစ်ဦး အသင့်စောင့်ဆိုင်းနေခဲ့ပြီး၊ သူတို့သုံးဦးက အဲ့ဒီဆိုင်ကယ်နဲ့ ထွက်ပြေးသွားကြတာပါ။
တိုက်ခိုက်သူတွေက Andheri West မီးသတ်ဘူတာရုံအနီးမှာ သူတို့ရဲ့ မော်တော်ဆိုင်ကယ်ကို စွန့်ပစ်ခဲ့ကြပြီးနောက် Borivali ဘက်သို့ ဦးတည်ထွက်ခွာမယ့် ရထားတစ်စင်းပေါ်သို့ တက်ရောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။ နာရီပိုင်းအကြာတွင် သူတို့ကို Surat မီးသတ်ဘူတာရုံမှာတွေ့ရှိခဲ့ရပါတယ်။
မင်းသားက ထိခိုက်ဒဏ်ရာ တစ်စုံတစ်ရာ မရရှိဘဲ လွတ်မြောက်ခဲ့ပေမဲ့ ကားဆရာနဲ့ သုံးဘီးမောင်းနှင်သူတစ်ဦးတို့မှာ ဒဏ်ရာရရှိခဲ့ကြပါတယ်။ တရားခံတွေကို ရာဇာစတန်ပြည်နယ်၊ Kota မြို့မှာ ရထားနဲ့ ဒေလီမြို့သို့ ဦးတည်ခရီးနှင်နေစဉ် ကြားဖြတ်ဖမ်းဆီးရမိခဲ့ပြီး သူတို့က နီပေါနိုင်ငံသို့ ထွက်ပြေးဖို့ ကြံရွယ်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောကြားထားပါတယ်။
Ref: Tiger Shroff Was Shot At In Mumbai. Hours Later, Suspects Spotted In Surat
WL (ရိုးရာလေး)

