Tree of Heaven ဇာတ်လမ်းတွဲနဲ့ မြန်မာပရိသတ်တွေရဲ့ချစ်ခင်မှုကို ရရှိခဲ့တဲ့ မင်းသား လီဝမ်ဟာ ကလေးအဖေဖြစ်တော့မှာပါ။ လီဝမ်ရဲ့ဇနီးပရော်ဖက်ရှင်နယ်ဂေါက်ရိုက်သမား လီဘိုမီက ကိုယ်ဝန်လွယ်ထားရပါတယ်။ ဒီသတင်းကို လီဘိုမီက ဂျပန်နိုင်ငံမှာ ပွဲတစ်ပွဲတက်ရောက်ရင်း ထုတ်ပြောခဲ့တာပါ။
“ကျွန်မတို့မှာ မိသားစုဝင်အသစ်တစ်ယောက်ရောက်လာတော့မှာပါ။ ကျွန်မအရမ်းကျေးဇူးတင်မိတယ်။ ကျွန်မရဲ့ခင်ပွန်းကလည်း အရမ်းပျော်နေတယ်။ ကလေးက ဂေါက်ရိုက်သမားဖြစ်လာပြီး သူ့ကို အားပေးဖို့ စိတ်ကူးနေမိတယ်”လို့ ပြောပါတယ်။ ကလေးရဲ့နာမည်ပြောင်ကို လက်ကီးလို့ ပေးထားတယ်လို့လည်း ဖွင့်ဟထားပါတယ်။
ဒီသတင်းနဲ့ပတ်သက်ပြီး လီဝမ်ရဲ့အေဂျင်စီ Story J Company ကလည်း “လီဝမ်ရဲ့ဇနီးလီဘိုမီက ဖေဖော်ဝါရီမှာ ကလေးမွေးဖွားတော့မှာပါ။ သူတို့က သမီးလေးကို ပိုင်ဆိုင်ရမှာဖြစ်တယ်”လို့ အတည်ပြုပေးခဲ့ပါတယ်။
လီဝမ်နဲ့ လီဘိုမီတို့က ၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှာ လက်ထပ်ခဲ့ကြတာပါ။ မြန်မာပရိသတ်တွေက လီဝမ်ကို ၂၀၀၄ ခုနှစ်ရဲ့ Stairway to Heaven (အချစ်လှေကားထစ်လေး) ဇာတ်လမ်းတွဲမှာ ကလေးသရုပ်ဆောင်အဖြစ် စသိခဲ့ကြတာပါ။ Tree of Heaven ဇာတ်လမ်းတွဲကတော့ မြန်မာပရိသတ်တွေ သူ့ကို ချစ်ခင်နှစ်သက်သွားစေခဲ့တဲ့ဇာတ်လမ်းတွဲပါပဲ။ မင်းသမီး ကင်ထယ်ဟီး ရဲ့မောင်လေးအဖြစ်လည်း သိကြပါတယ်။ လီဘိုမီကတော့ တောင်ကိုရီးယားနိုင်ငံနဲ့ ဂျပန်နိုင်ငံတို့မှာ ယှဉ်ပြိုင်ကစားတဲ့ ပရော်ဖက်ရှင်နယ်ဂေါက်ရိုက်သမားဖြစ်ပါတယ်။
Ref: Lee Wan And Lee Bo Mi Expecting Their First Child
WL (ရိုးရာလေး)

