Miss Teen Universe Asia 2026 သရဖူကို ဆောင်းရတဲ့ ပထမဆုံးစင်ကာပူနိုင်သူဖြစ်လာတဲ့ ဆယ်ကျော်သက်ကောင်မလေး

Article-Cover-Pic-2000-x-1050-31.jpg

စင်ကာပူနိုင်ငံသူလေး ရီအိုနာ ခရစ်ရှ်နန် ဒီဂျ်ဟယ်ဟာ အောက်တိုဘာ ၂၅ ရက်နေ့က ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့မှာ ကျင်းပပြုလုပ်တဲ့ Miss Teen Universe Asia 2026 သရဖူကို ဆွတ်ခူးရရှိခဲ့ပါတယ်။ သူက အွန်လိုင်းကတဆင့် ပြည်သူလူထုရဲ့မဲပေးရွေးချယ်မှုနဲ့ Miss Popular Choice ဆုကိုလည်း ရရှိခဲ့ပါတယ်။ ပါဝင်ယှဉ်ပြိုင်တဲ့အယောက် ၃၀ ထဲကမှ သူဟာ အွန်လိုင်းအသုံးပြုသူတွေရဲ့အကြိုက်ဆုံးဖြစ်လာခဲ့တာပါ။

“ဒါက ကျွန်မရဲ့ဘဝမှာ ဘယ်တော့မှ မေ့မရနိုင်မယ့်အခိုက်အတန့်တွေထဲကတစ်ခုပါပဲ။ Miss Teen Universe Asia အဖြစ် ရွေးချယ်ခံရဖို့က အမှန်တကယ်ဖြစ်လာစေချင်တဲ့ အိပ်မက်တစ်ခုပါ။ Miss Popular Choice ဆုကိုပါရရှိခဲ့တာက ဒီအောင်မြင်မှုကို ပိုပြီးထူးခြားစေပါတယ်။ ဘာလို့လဲဆိုရင် လူတွေက အချိန်ပေးပြီး ကျွန်မ့အတွက် မဲပေးကြတယ်၊ အားပေးကြတယ်ဆိုတာသိရတာက ကျွန်မအတွက် အများကြီးအဓိပ္ပာယ်ရှိလို့ပါပဲ”လို့ ရီအိုနာက ပြောပါတယ်။ သူက သူ့ကို အားပေးထောက်ခံခဲ့ကြတဲ့ စင်ကာပူနိုင်ငံသူနိုင်ငံသားတွေကိုလည်း ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။

အရင်က ရီအိုနာဟာ Miss Teen London 2024 ဆုနဲ့ Miss Teen Universe UK 2024 မှာ First Runner Up ဆုကို ရရှိခဲ့ဖူးပါတယ်။ သူက the New York၊ London၊ Milan၊ Paris Fashion Weeks တွေမှာလည်း ရှိုးလျှောက်တဲ့ နိုင်ငံတကာမော်ဒယ်တစ်ယောက်လည်းဖြစ်ပါတယ်။

Ref: S’porean girl, 18, crowned Miss Teen Universe Asia 2026, 1st S’porean to win title

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top