ဟောလိဝုဒ်မင်းသမီး ဂျန်နီဖာ လောရင့်စ်ဟာ နာမည်ကျော် The Hunger Games ရုပ်ရှင်ဇာတ်ကားသစ်ဖြစ်တဲ့ “The Hunger Games: Sunrise on the Reaping” မှာ မူလဇာတ်ကောင် Katniss Everdeen နေရာနဲ့ ပြန်လည်ပါဝင်လာတော့မှာပါ။ အခုရိုက်ကူးမယ့် ဇာတ်ကားသစ်ဟာ ဇာတ်လမ်းအရ အရင်ထွက်ရှိခဲ့တဲ့ ဇာတ်ကားတွေရဲ့ ရှေ့ပြေးဇာတ်လမ်း (Prequel) တစ်ခုဖြစ်ပါတယ်။
ဂျန်နီဖာက သူ့ရဲ့ဇာတ်ကောင်နေရာမှာ ပြန်လည်ပါဝင်ခွင့်ရတာဟာ မယုံနိုင်စရာကောင်းလောက်အောင် ရင်ခုန်စရာကောင်းတယ်လို့ ပြောကြားထားပါတယ်။ အရင်ဇာတ်ကားတွေမှာ ပါဝင်ခဲ့တဲ့သရုပ်ဆောင်တွေဖြစ်တဲ့ Peeta နေရာက Josh Hutcherson နဲ့ Haymitch နေရာက Woody Harrelson တို့လည်း ဒီဇာတ်ကားမှာ အတူတူ ပြန်လည်ပါဝင်လာကြဦးမှာဖြစ်ပါတယ်။
ပရိသတ်များစွာ မျှော်လင့်စောင့်စားနေကြတဲ့ ဒီဇာတ်ကားသစ်ကို လာမယ့် နိုဝင်ဘာလ ၂၀ ရက်နေ့မှာ ရုံတင်ပြသသွားဖို့ ရှိနေပါတယ်။
Ref: Jennifer Lawrence confirms return to Hunger Games franchise
WL (ရိုးရာလေး)

