ဂျပန်နိုင်ငံ၊ အချီကာဝါမြို့ တိရစ္ဆာန်ဥယျာဉ်မှာ ရှိတဲ့ ပန်ချ် (Punch ) လို့ ခေါ်တဲ့ မျောက်လေးကို ကမ္ဘာတစ်ဝှမ်းရှိ လူမှုကွန်ယက်အသုံးပြုသူတွေက သိကြပါတယ်။ မိခင်ဖြစ်သူ စွန့်ပစ်ခဲ့ခြင်းခံရပြီး အခြားမျောက်တွေရဲ့ ဖယ်ကြဉ်မှုကို ခံခဲ့ရတဲ့ ပန်ချ်လေးဟာ အခုဆို သူရဲ့ လှောင်အိမ်ထဲကို ရောက်လာတဲ့ မွေးကင်းစ မျောက်ငယ်လေး အပေါ် စိတ်ဝင်စားကာ ဂရုစိုက်ပြသမှုတွေ ရှိလာတာကြောင့် လူအများရဲ့အာရုံစိုက်မှုကို ထပ်မံရရှိနေပါတယ်။
လတ်တလော သတင်းတွေမှာတော့ ပန်ချ်လေးဟာ သူ့ရဲ့ လှောင်အိမ်တွင်းကို ရောက်ရှိလာတဲ့ မွေးကင်းစ မျောက်ငယ်လေးအပေါ် စိတ်ဝင်စားမှုတွေ ပြသလာပြီး ချစ်စရာကောင်းတဲ့ ဖေဖေ သို့မဟုတ် အကိုတစ်ယောက်လို ဂရုစိုက်စောင့်ရှောက်ပေးနေတာကို တွေ့မြင်ကြရပါတယ်။
ပန်ချ်လေးဟာ မွေးစကတည်းက အမေမျောက် စွန့်ပစ်ခြင်းခံခဲ့ရပြီး ဥယျာဉ်အတွင်းက အခြားမျောက်အုပ်စုတွေရဲ့ ဖယ်ကြဉ်၊ ရန်လိုတာကို ခံခဲ့ရတဲ့ မျောက်ငယ်လေး တစ်ကောင် ဖြစ်ပါတယ်။ သူရဲ့ ကြေကွဲစရာကောင်းပြီး ရုန်းကန်နေရတဲ့ ဘဝဇာတ်ကြောင်းကြောင့် လူမှုကွန်ယက်ပေါ်မှာရော ကမ္ဘာတစ်ဝှမ်းမှာပါ နာမည်ကြီးလာခဲ့ပြီး ဂျပန်နိုင်ငံ၊ အချီကာဝါမြို့ တိရစ္ဆာန်ဥယျာဉ် ကို လာရောက်လည်ပတ်သူတွေ များပြားလာတဲ့အထိ အထူးရေပန်းစားလာခဲ့တာပါ။
Ref: Punch the Monkey caring for new baby monkey at Ichikawa City Zoo
WL (ရိုးရာလေး)

