အပြန်အလှန် နွေးထွေး ယုံကြည်မှုနဲ့ ရိုးရှင်းလှပတဲ့ အချစ်ဇာတ်လမ်းတစ်ပုဒ်

ူသလ.jpg

အခက်အခဲတွေကြားမှာ အပြန်အလှန် ယုံကြည်မှု၊ နွေးထွေးမှုတွေကြောင့် ဟိုဆေးနဲ့ အန်ဒရီယာတို့ ဇနီးမောင်နှံရဲ့အချစ်ဇာတ်လမ်းက လူသိများ ထင်ရှားခဲ့ပါတယ်။

ဘရာဇီးနိုင်ငံ၊ ဂိုအီယာ့စ်ပြည်နယ်မှာ နေထိုင်တဲ့ ဟိုဆေးဟာ လမ်းသန့်ရှင်းရေးလုပ်သားတစ်ဦးဖြစ်ပြီး ဇနီးသည် အန်ဒရီယာကတော့ အိမ်အကူအလုပ် လုပ်ရပါတယ်။ အန်ဒရီယာဟာ ပညာရေးနဲ့ ဘဝမြှင့်မားဖို့ ရည်ရွယ်ချက် ရှိသူပါ။ ဒါပေမဲ့ ငွေကြေးအခက်အခဲကြောင့် သင်တန်း မတက်နိုင်သလို ဈေးကြီးတဲ့ စာအုပ်တွေကိုလည်း မဝယ်နိုင်ခဲ့ပါဘူး။

အဲဒီအတွက် ဟိုဆေးဟာ လမ်းသန့်ရှင်းရေးလုပ်ရင်း သူတပါး စွန့်ပစ်ထားတဲ့ စာအုပ်တွေ တွေ့ရင် သူ့မိန်းမ ဖတ်ဖို့ ကောက်လာပေးတတ်ပါတယ်။ အန်ဒရီဟာ ဟိုဆေး ကောက်လာတဲ့ စာအုပ်တွေကနေ ဖတ်ရှုလေ့လာပြီး တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ ဖြေဆိုခဲ့ရာမှာ ဥပဒေကျောင်း တက်ရောက်ခွင့် အပြည့်အဝပညာသင်ဆု ရရှိခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဂိုအီယာ့စ် စစ်ဘက်ရဲတပ်ဖွဲ့ (Military Police of Goiás) ဝင်ခွင့် စာမေးပွဲလည်း အောင်မြင်ခဲ့ပြီး တဆင့်ချင်း ရာထူးတက်ကာ ရဲမှူးအဖြစ် ခန့်အပ်ခံခဲ့ရပါတယ်။

အိမ်ထောင်သက် ၂၅ နှစ်ပြည့် မင်္ဂလာ နှစ်ပတ်လည်ဓာတ်ပုံတွေကြောင့် သူတို့ဇနီးမောင်နှံကို လူတွေ သတိထားမိခဲ့တာပါ။ ဟိုဆေးက လမ်းသန့်ရှင်းရေးဝန်ထမ်း ဝတ်စုံ ဝတ်ဆင်ထားပြီး အန်ဒရီယာက ရဲဝတ်စုံ ဝတ်ဆင် ရိုက်ကူးခဲ့တဲ့ ဓာတ်ပုံဟာ လူတွေရဲ့ နှလုံးသားကို ဖမ်းစားနိုင်ခဲ့ပါတယ်။

စစ်မှန်တဲ့ အချစ်ဆိုတာ ငွေကြေး၊ တန်ဖိုးကြီး လက်ဆောင်တွေမဟုတ်ဘဲ ကိုယ့်အိပ်မက်ကို အကောင်အထည်ဖော်ဖို့ (မဖြစ်နိုင်ဘူးလို့ ယူဆနိုင်တဲ့ အခြေအနေမျိုးမှာ) ကိုယ့်အပေါ် ယုံကြည်ပေးမယ့်သူတစ်ဦး ကိုယ့်ဘေးနား ရှိနေခြင်းလို့ လူတွေက ဆိုပါတယ်။

Ref: José Francisco Barros & Andréia Guimarães Tavares

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top