နယူးဒေလီမြို့မှာ ယာဉ်ကြောပိတ်နေလို့ ပြန်ပေးသမားတွေကို အလွယ်တကူဖမ်းမိ

yyl-25-004.jpg

ကမ္ဘာတစ်လွှားက ယာဉ်ကြောပိတ်ဆို့မှု အဆိုးရွားဆုံး ဖြစ်ပွားရာမြို့တွေထဲမှာ အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီမြို့လည်း ပါဝင်ပါတယ်။ ယာဉ်ကြောပိတ်ဆို့မှုတွေကြောင့် လူတွေ အခက်တွေ့ပြီး စိတ်ပျက်ရလေ့ရှိပါတယ်။ ဒါပေမဲ့ နယူးဒေလီမြို့မှာ ယာဉ်ကြောပိတ်ဆို့ခဲ့လို့ ပြန်ပေးဂိုဏ်းကို အလွယ်တကူဖမ်းဆီးရမိခဲ့ပါတယ်။ ရီဂျဝါလို့ အမည်ရတဲ့ အမျိုးသားတစ်ယောက်ဟာ ညဉ့်သန်းခေါင်ယံအချိန်မှာ အိမ်ပြန်လာတုန်း ပြန်ပေးဆွဲခံခဲ့ရတာပါ။

ဒုစရိုက်ဂိုဏ်းတွေက ကားသော့ကို လုယူပြီး သူ့ကို ကားထဲအတင်းဝင်ခိုင်းခဲ့ပါတယ်။ အဲဒီနောက်မှာ ဂျာနာကာပူရီဒေသကို မောင်းနှင်ခိုင်းခဲ့ပါတယ်။ သူ့ညီရဲ့ကားထဲကို လူ ၄ ယောက်ဝင်သွားပြီး သူ့ညီကို ပြန်ပေးဆွဲခဲ့တယ်လို့ အစ်ကိုဖြစ်သူက ရဲတပ်ဖွဲ့ကို အကြောင်းကြားခဲ့ပါတယ်။ သူ့ညီရဲ့ ကားရှေ့ လေကာမှန်မှာ High Lander ဆိုတဲ့ စာလုံးရေးထားတယ်လို့ ရဲတပ်ဖွဲ့ကို ပြောပြခဲ့ပါတယ်။

အက်တမ်နာဂါ-ဂျာနာပူရီဒေသမှာ ယာဉ်ကြောပိတ်ဆို့မှု ဆိုးဆိုးရွားရွား ဖြစ်ပွားခဲ့လို့ ပြန်ပေးသမားတွေ ပိတ်မိခဲ့ပြီး ရဲတပ်ဖွဲ့က သူတို့ကို အလွယ်တကူ ဖမ်းမိခဲ့ပါတယ်။ ကားကို ရှေ့ဆက်မောင်းနှင်လို့မရတဲ့ အခြေအနေမှာ ပြန်ပေးသမားတွေက ကားပေါ်ကနေ ဆင်းပြေးခဲ့ပါတယ်။ ဒါပေမဲ့ နယူးဒေလီရဲတပ်ဖွဲ့က ပြန်ပေးသမားတစ်ယောက်ကို လက်ရဖမ်းဆီးနိုင်ခဲ့ပါတယ်။ ပြန်ပေးသမား ၃ ယောက်ကတော့ လွတ်မြောက်သွားလို့ လိုက်လံရှာဖွေနေရဆဲပါ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top