UEFA Nations League ပြိုင်ပွဲမှာ ဘယ်လ်ဂျီယံ၊ ဒိန်းမတ်၊ အိုက်စလန်တို့နဲ့ တစ်အုပ်စုတည်းကျနေတဲ့ အင်္ဂလန်

yyl-040.jpg

အင်္ဂလန်အသင်းဟာ လာမယ့် UEFA Nations League ပြိုင်ပွဲမှာ ဘယ်လ်ဂျီယံ၊ ဒိန်းမတ်၊ အိုက်စလန်တို့နဲ့အတူ မရဏအုပ်စုထဲ ကျရောက်ခဲ့ပါတယ်။ အင်္ဂလန်အသင်းဟာ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ နည်းပြ မာတီနက်ဇ်ရဲ့ ဘယ်လ်ဂျီယံအသင်းနဲ့ ၂ ကြိမ်တိုင်တိုင် တွေ့ဆုံခဲ့ဖူးပါတယ်။ ၂၀၁၈ ကမ္ဘာ့ဖလား အုပ်စုအဆင့်မှာ တစ်ကြိမ်၊ တတိယလုပွဲမှာ တစ်ကြိမ် တွေ့ဆုံခဲ့ပြီး နှစ်ပွဲလုံးမှာ အင်္ဂလန်အသင်း ရှုံးနိမ့်ခဲ့ပါတယ်။ အင်္ဂလန်အသင်းဟာ ယူရို-၂၀၁၆ ပြိုင်ပွဲမှာ အိုက်စလန်နဲ့ တွေ့ဆုံခဲ့ဖူးပြီး အံ့အားသင့်ဖွယ် ရှုံးနိမ့်ခဲ့ဖူးပါတယ်။

၂၀၁၈ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ တွေ့ဆုံခဲ့တဲ့ ပြင်သစ်နဲ့ ခရိုအေးရှားတို့ဟာ League A ရဲ့ အုပ်စု(၃)မှာ တွေ့ဆုံနေပြီး စပိန်နဲ့ ဂျာမနီတို့ကတော့ League A ရဲ့ အုပ်စု(၄)မှာ တွေ့ဆုံနေပါတယ်။ League A မှာ အုပ်စုအဆင့် အနိုင်ရသူတွေဟာ ၂၀၂၁ ခုနှစ် ဇွန်လမှာ Nations League နောက်ဆုံးအဆင့် ပွဲစဉ်တွေ ယှဉ်ပြိုင်ရမှာဖြစ်ပြီး သူတို့အထဲက တစ်နိုင်ငံကို အိမ်ရှင်နိုင်ငံအဖြစ် ရွေးချယ်မှာဖြစ်ပါတယ်။ UEFA Nations League ပြိုင်ပွဲရဲ့ အုပ်စုအဆင့်မှာ ထိပ်ဆုံးအဆင့် ရပ်တည်နိုင်တဲ့ အသင်း(၂)သင်းအနေနဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲ မအောင်မြင်ဘူး၊ ဒုတိယနေရာလည်း မရဘူးဆိုရင် ကမ္ဘာ့ဖလားဝင်ခွင့်အတွက် ဥရောပနေရာ နောက်ဆုံး(၃)နေရာအတွက် (၁၂)သင်း ရှုံးထွက်အဆင့်ပွဲစဉ်တွေ ပါဝင်ကစားခွင့် ရရှိမှာဖြစ်လို့ ဒီပြိုင်ပွဲက အခွင့်အရေးတစ်ရပ် ဖြစ်နေပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top