တိရစ္ဆာန်တွေနဲ့တောင် မစမ်းရသေးတဲ့ ကိုရိုနာဗိုင်းရပ်စ်ကုသဆေးကို ထိုးသွင်းခံခဲ့တဲ့ တရုတ်ဆရာဝန်တစ်ဦး

yyl-006-2.jpg

တရုတ်လူမျိုးဆရာဝန်တစ်ဦးဟာ မစမ်းသပ်ရသေးတဲ့ ကိုရိုနာဗိုင်းရပ်စ်ကုသဆေးကို သူ့ရဲ့ခန္ဓာကိုယ်မှာ ထိုးသွင်းအစမ်းသပ်ခံပြီးတဲ့နောက်မှာ ကမ္ဘာတစ်ဝှမ်းက လူတွေရဲ့စိတ်ဝင်စားမှုကို ရရှိခဲ့ပါတယ်။ သုတသနပညာရှင်တွေက Covid-19 ကို တိုက်ဖျက်နိုင်မဲ့ နည်းလမ်းကို ကြိုးစားရှာဖွေနေကြရပါတယ်။ ဒါပေမဲ့ တိရစ္ဆာန်တွေနဲ့ စမ်းသပ်မှုတွေပြုလုပ်ရတာကနေတဆင့် ကုသဆေးရရှိဖို့ လတော်တော်ကြာ အချိန်ယူရနိုင်ပါတယ်။ ဒါပေမဲ့ ချန်ဝေ ဆိုတဲ့ ဆရာဝန်က တိရစ္ဆာန်တွေမှာ စမ်းသပ်မနေတော့ဘဲ ကိုယ့်ကိုယ်ကို ဆေးထိုးသွင်းခြင်းအားဖြင့် အဆင့်အနည်းငယ်ကို ကျော်ပစ်ခဲ့ပါတယ်။

(၅၄) နှစ်အရွယ်ရှိပြီဖြစ်တဲ့ အဲဒီဆရာဝန်က ဓာတ်ပုံဆရာရဲ့ရှေ့မှာ မတ်တပ်ရပ်ပြီး သူမရဲ့ခန္ဓာကိုယ်ထဲကို ဆေးရည်တွေ ထိုးသွင်းခဲ့ပါတယ်။ တရုတ်နိုင်ငံက ကိုရိုနာဗိုင်းရပ်စ်သစ်ကို လျင်လျင်မြန်မြန်ထုတ်ဖော်နေတယ်ဆိုတာကို China’s People’s Liberation Armyကပြချင်ခဲ့တာပါ။ အဖွဲ့ထဲက အဖွဲ့ဝင် (၆) ယောက်ကလည်း ကုသဆေးနဲ့ ဆေးထိုးခံခဲ့တယ်လို့လည်း သိရပါတယ်။ ပုံတွေကိုတော့ PLAရဲ့ Weibo အကောင့်မှာ တင်ထားခဲ့ပါတယ်။ “လက်တွေ့အသုံးချနိုင်အောင် ကျွန်မတို့အားလုံးလုပ်ဆောင်နေပါတယ်။ ကျွန်မတို့ လက်တွေ့စမ်းသပ်လုပ်ဆောင်နေတဲ့ ကုသဆေးကို ယူဆောင်လာနိုင်ဖို့ ကြိုးပမ်းသွားမှာပါ။ ဒီရောဂါကို တိုက်ဖျက်ဖို့အတွက် ခိုင်မာတဲ့နည်းပညာအထောက်အပံ့တွေကို အကူအညီပေးသွားမှာပါ” လို့ ချန်က တရုတ်တီဗီလိုင်းတစ်ခုကို ပြောကြားထားပါတယ်။

ချန်ဝေဟာ ၂၀၁၄ခုနှစ်က အီဘိုလာအတွက် ပထမဆုံးကုသဆေးကို ဖော်ထုတ်နိုင်ခဲ့တဲ့ လူတွေထဲက တစ်ယောက်ဖြစ်ခဲ့ကတည်းက ကမ္ဘာတစ်ဝှမ်းမှာ လူစိတ်ဝင်စားခဲ့တာပါ။ သူက ၂၀၀၀ခုနှစ်အစောပိုင်းမှာ SARS ဗိုင်းရပ်စ်ကို တိုက်ဖျက်တဲ့နေရာမှာ ကူညီပေးခဲ့တဲ့ အရေးပါတဲ့သူ တစ်ယောက်လည်းဖြစ်ပါတယ်။ ချန်နဲ့ သူ့အဖွဲ့သားတွေက Wuhan Institue of Virology မှာ အလုပ်လုပ်နေကြတာဖြစ်တယ်လို့ Vice သတင်းဌာနအရသိရပါတယ်။ ဒီဓာတ်ခွဲခန်းက ကမ္ဘာတစ်ဝှမ်းမှာ ဗိုင်းရပ်စ်ကို တိုက်ဖျက်နိုင်မယ့် ထိရောက်တဲ့ ကုသဆေးကို ရှာဖွေဖို့ ကြိုးစားနေတဲ့ဓာတ်ခွဲခန်းတွေထဲကတစ်ခုဖြစ်ပါတယ်။ တချို့နိုင်ငံတကာအဖွဲ့အစည်းတွေက ကုသဆေးအတွက် ကိုယ့်လူနဲ့ကိုယ်လုပ်ကြပြီး တချို့ကတော့ တိရစ္ဆာန်တွေမှာ စမ်းသပ်ကြပါတယ်။

လက်ရှိမှာတော့ ကိုရိုနာဗိုင်းရပ်စ်သစ်ကြောင့် သေဆုံးသူဦးရေ (၃၀၀၀) ကျော်၊ ရောဂါကူးစက်ခံရသူ ဦးရေ (၉၀၀၀၀) ကျော်ရှိနေပြီး နိုင်ငံ (၈၃) နိုင်ငံအထိ အဲဒီဗိုင်းရပ်စ်က ပျံ့နှံ့လို့နေပါပြီ။

Ref: Chinese Doctor Injects Herself With Untested Coronavirus Vaccine

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top