သူရေးသားထားတဲ့ ကိုယ်တွေ့ဘဝမှတ်တမ်းစာအုပ်က ရရှိမယ့် ငွေတွေကို လှူဒါန်းသွားမယ့် မင်းသားဟယ်ရီ

26-10-2022-yyl-19.jpg

မင်းသားဟယ်ရီရဲ့ကိုယ်တွေ့ဘဝမှတ်တမ်းစာအုပ် Spare က နောက်နှစ်ဇန်နဝါရီလမှာ ထွက်ရှိတော့မှာဖြစ်ပြီး အဲဒီကနေ ရရှိမယ့် ငွေတွေကို လှူဒါန်းသွားမှာဖြစ်ပါတယ်။ သူက အဲဒီစာအုပ်ကနေ ရရှိတဲ့ အမြတ်ငွေတွေ လှူဒါန်းခြင်းဖြင့် ဗြိတိန်ပရဟိတလုပ်ငန်းတွေကို ပံ့ပိုးဖို့ ဆုံးဖြတ်ထားပါတယ်။

မင်းသားဟယ်ရီက ဒီကိုယ်တွေ့ဘဝမှတ်တမ်းစာအုပ်အတွက် ထုတ်ဝေသူဆီကနေ ဒေါ်လာ ၃၁ သန်း ကြိုတင်ငွေရရှိထားတယ်လို့သိရပါတယ်။ လီဆိုသိုနိုင်ငံရဲ့မင်းသားဆီအိဆိုနဲ့အတူ တည်ထောင်ခဲ့တဲ့ Sentebale အဖွဲ့အစည်းကို ဒေါ်လာ ၁၅၀၀,၀၀၀ လှူဒါန်းထားပါတယ်။ Sentebale က လီဆိုသိုနဲ့ ဘော့ဆွာနာတို့မှာ HIV/AIDS ရောဂါဒဏ်ခံရတဲ့ ကလေးနဲ့လူငယ်တွေကို ပံ့ပိုးကူညီပေးတဲ့အဖွဲ့အစည်းပါ။ မင်းသားဟယ်ရီက အကျိုးအမြတ်မယူတဲ့အဖွဲ့အစည်း WellChild ကိုလည်း ဒေါ်လာ ၅၃၀,၀၀၀ လှူဒါန်းမှာပါ။

စာအုပ်နာမည် Spare က မင်းသားဟယ်ရီနဲ့ သူ့အစ်ကို မင်းသားဝီလျံတို့ကို ရည်ညွှန်းတဲ့ “ဆက်ခံသူနဲ့အရန်”ဆိုတဲ့ စကားစုကနေ ဖြစ်လာခဲ့တာပါ။ Spare ကို အစက နိုဝင်ဘာလမှာ ထုတ်ဝေဖို့ စီစဉ်ခဲ့ပေမဲ့ ဘုရင်မကြီးသေဆုံးသွားခဲ့တဲ့အခြေအနေကြောင့် ထုတ်ဝေမယ့်ရက်ကို ရွှေ့ဆိုင်းခဲ့ရပါတယ်။ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁၀ ရက်နေ့မှာ Spare စာအုပ်ကို ဘာသာစကား ၁၆ မျိုးနဲ့ ကမ္ဘာတစ်ဝှမ်း ထုတ်ဝေမှာဖြစ်ပါတယ်။ မင်းသားဟယ်ရီဖတ်ပြတဲ့ Audiobook ကို အဲဒီနေ့မှာပဲ ထုတ်ဝေမှာပါ။ စာမျက်နှာ ၄၁၆ မျက်နှာပါတဲ့ ကိုယ်တွေ့ဘဝမှတ်တမ်းစာအုပ်က ၂၈ ပေါင်ကျသင့်မှာဖြစ်ပြီ Audiobook ဈေးနှုန်းက ၂၀ ပေါင်ဖြစ်ပါတယ်။

Spare ရဲ့စာအုပ်အဖုံးမှာ အညိုရောင်တီရှပ်၊ အနက်ရောင်ဆွဲကြိုးကို ဝတ်ဆင်ထားပြီး ရှေ့တည့်တည့်ကြည့်နေတဲ့ မင်းသားဟယ်ရီရဲ့ပုံကို မြင်တွေ့ရပါတယ်။ စာအုပ်မှာ မင်းသားဟယ်ရီ စစ်မှုထမ်းပြီး အာဖဂန်နစ္စတန်မှာ တာဝန်ထမ်းဆောင်ချိန်၊ ခင်ပွန်းတစ်ယောက်ဖြစ်လာတဲ့အချိန်၊ ဖခင်တစ်ယောက်ဖြစ်လာတဲ့အချိန် အပါအဝင် သူ့ရဲ့ငယ်ဘဝကနေ ဒီကနေ့အထိကိုယ်တွေ့ဘဝဖြစ်စဉ်တွေပါဝင်ဖို့ မျှော်လင့်ရပါတယ်။

Ref: TheMirror “Prince Harry confirms how much he was paid for memoir – and what he’s doing with it”

WL ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top