ဗြိတိန်တော်ဝင်အစောင့်ပုံစံ ဝတ်ဆင်ပြီး ဝေလမင်းသား ဝီလျံနဲ့ ဝေလမင်းသမီးကိတ်တို့ကို လာရောက်တွေ့ဆုံခဲ့တဲ့ ၈ နှစ်သားလေး

2-12-2022-yyl05.jpg

အမေရိကန်နိုင်ငံကို ရောက်ရှိနေတဲ့ ဝေလမင်းသား ဝီလျံနဲ့ ဝေလမင်းသမီးကိတ်တို့ဟာ မနေ့က မက်ဆာချူးဆက်ပြည်နယ်၊ ဆိုမာဗီလီမြို့မှာ ရှိတဲ့ Greentown Labs ဓာတ်ခွဲစမ်းသပ်ခန်းကို သွားရောက်လည်ပတ်ခဲ့ပါတယ်။ အဲဒီကို သွားရောက်လည်ပတ်စဉ်အတွင်း အသက် ၈ နှစ် အရွယ် ကောင်လေးတစ်ယောက်က သူတို့ကို ဝမ်းပန်းတသာနဲ့ လာရောက်တွေ့ဆုံနှုတ်ဆက်ခဲ့ပါတယ်။

ဟင်နရီ ဒိုင်နိုဗ် တယ်ဇီရာဆိုတဲ့ အဲဒီကလေးလေးက ဘက်ကင်ဟမ်နန်းတော်အပြင်ဘက်မှာ မတ်တပ်ရပ်ပြီး ကင်းစောင့်တဲ့ ဗြိတိန်တော်ဝင်အစောင့်လိုမျိုး ဝတ်ဆင်ပြီးတော့ မင်းသားဝီလျံနဲ့ ကိတ်တို့ကို လာတွေ့ခဲ့တာပါ။ မင်းသားဝီလျံနဲ့ကိတ်တို့ကို လက်ဆောင်ပေးဖို့အတွက် သူနဲ့အတူ နှင်းဆီအနီတချို့ကိုလည်း ယူဆောင်လာခဲ့ပါတယ်။

မင်းသားဝီလျံနဲ့ကိတ်တို့ကလည်း ဟင်နရီ လာနှုတ်ဆက်တော့ ဝမ်းသာအားရနဲ့ ပြန်လည်နှုတ်ဆက်ခဲ့ကြပါတယ်။ မင်းသားဝီလျံတို့ကို တွေ့ဆုံရတာက စိတ်လှုပ်ရှားစရာကောင်းခဲ့တယ်လို့ ဟင်နရီက ဆိုပါတယ်။ သူ့လက်ထဲက ပန်းတွေကို မင်းသားဝီလျံတို့ မြင်တော့လည်း ပန်းလေးတွေ လှလိုက်တာလို့ ပြောခဲ့ပြီး ဟင်နရီက သူတို့ကို ပန်းတွေပေးလိုက်တဲ့အချိန်မှာ “အရမ်းကျေးဇူးတင်ပါတယ်”တဲ့။ မင်းသားဝီလျံနဲ့ ကိတ်တို့က သူ့ကို သူ့ရဲ့နာမည်နဲ့ သူ့ရဲ့ဝတ်စုံအကြောင်း မေးခဲ့တယ်လို့ ဟင်နရီက ပြောပါတယ်။

ဟင်နရီရဲ့ပြောစကားအရ သူဟာ အခုနှစ်အစောပိုင်းမှာ လန်ဒန်ကို အလည်အပတ်လာစဉ်အတွင်း ဗြိတိန်တော်ဝင်အစောင့်တွေကို မြင်ပြီး ဟောလိုးဝင်းအတွက် ဒီဝတ်စုံကို ဝတ်ဆင်ဖြစ်ခဲ့ပါတယ်။ မင်းသားဝီလျံနဲ့ ကိတ်တို့ကို တွေ့ဆုံဖို့အတွက် ဒီဝတ်စုံကို ထပ်ပြီး ဝတ်ဆင်လာခဲ့တာပါ။

မင်းသားဝီလျံနဲ့ကိတ်တို့ကလည်း သူတို့ရဲ့တွစ်တာအကောင့်ကတဆင့် သူတို့ကို လာတွေ့တဲ့ ဟင်နရီရဲ့အခြားသူတွေကို ကျေးဇူးတင်ခဲ့ပါတယ်။ မင်းသားဝီလျံတို့ဟာ ဒီနေ့ ပြုလုပ်မယ့် Earthshot Prize Awards ပွဲမတိုင်ခင် မက်ဆာချူးဆက်ပြည်နယ်မှာ (၃) ရက်ကြာ ရှိနေခဲ့ကြတာပါ။

Ref: Boston.com “‘It was crazy’: A boy dressed as a British guard met Prince William and Princess Kate in Somerville”

WL ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top