ကမ္ဘာဖလားကြည့်ဖို့ သူ့ရဲ့ SUV ကားနဲ့ ကီလိုမီတာ ၃၀၀၀ ဝန်းကျင်မောင်းနှင်လာခဲ့တဲ့ အမျိုးသမီး

2-12-2022-yyl-08.jpg

အခြားနိုင်ငံကလူတွေဟာ ကာတာမှာ ကျင်းပနေတဲ့ ကမ္ဘာဖလားကို လေယာဉ်စီးပြီး လာကြည့်တာပါ။ ဒါပေမဲ့ အိန္ဒိယနိုင်ငံ၊ ကီရာလာပြည်နယ်၊ ကန်နာမြို့က အမျိုးသမီးတစ်ဦးကတော့ ကမ္ဘာဖလားကြည့်ဖို့ ကာတာမြို့ကို သူ့ရဲ့ SUV ကားနဲ့ ကီလိုမီတာ ၂၉၇၃ ကျော် မောင်းနှင်ခဲ့ပါတယ်။ သူတစ်ယောက်တည်းမဟုတ်ဘဲ သူ့ကလေး ၅ ဦးကိုပါ ခေါ်သွားခဲ့တာပါ။

အသက် ၃၃ နှစ်အရွယ် နာဂျီရာ နူရှက်ဒ် ဆိုတဲ့ အဲဒီအမျိုးသမီးက အခြားသူတွေလို လေယာဉ်စီးပြီး မသွားချင်ခဲ့တာကြောင့် အခုလို ကားနဲ့ ကိုယ်တိုင်မောင်းပြီးသွားခဲ့တာပါ။ သူက မွမ်ဘိုင်းကတဆင့် ကိုအင်ဘတောက်မြို့ကို မောင်းခဲ့ပြီး အဲဒီကနေ သင်္ဘောနဲ့ အိုမန်ကို ရောက်ခဲ့တယ်။ အဲဒီနောက် ယူအေအီး၊ ဘာရိန်း၊ ကူဝိတ်နဲ့ ဆော်ဒီအာရေးဘီးယား အပါအဝင် နိုင်ငံတွေကို ဖြတ်ကျော်မောင်းနှင်ခဲ့တယ်။ နာဂျီရာကို သူ့ကလေး (၅) ယောက်က အဖော်ပြုလိုက်လာခဲ့ကြပါတယ်။

ဒီခရီးစဉ်နဲ့အတူ နာဂျီရာဟာ ကမ္ဘာ့တစ်ဝှမ်းက ဘယ်နေရာကိုမဆို ခရီးသွားဖို့ အမျိုးသမီးတွေအတွက် အန္တရာယ်ကင်းရေးဆိုတဲ့ သတင်းစကားကို ဖြန့်ဝေဖို့ ကြိုးစားနေပါတယ်။ သူက ဘယ်နေရာကိုမဆို မဆိုင်းမတွဘဲ ခရီးထွက်ဖို့လည်း အခြားအမျိုးသမီးတွေကို လှုံ့ဆော်ပေးလိုပါတယ်။ နာဂျီရာက ကမ္ဘာဖလားကို ကြည့်ဖို့ Gulf Cooperation Council (GCC) နိုင်ငံတွေကို ဖြတ်ကျော်ခရီးသွားတဲ့ ကီရာလာပြည်နယ်က ပထမဆုံးအမျိုးသမီးဖြစ်ပါတယ်။ သူ့ရဲ့ ၄၅ ရက်ခရီးကို အင်စတာဂရမ်မှာ မှတ်တမ်းတင်ထားပါတယ်။ အဲဒီကနေ သူဟာ တဖြည်းဖြည်းနဲ့ လူသိများလာခဲ့ပါတယ်။ သူဟာ အာဂျင်တီးနား ဘောလုံးသမား လီယွန်နယ် မက်ဆီရဲ့အမာခံပရိသတ်တစ်ယောက်ပါ။

ဖေဖော်ဝါရီလက နာဂျီရာဟာ ကူတာနက်ဒ်ဒေသကနေ နီပေါရဲ့ ဧဝရတ်တောင်အခြေစိုက်စခန်းကို တစ်ကိုယ်တော်ခရီးထွက်ခဲ့တာကြောင့် သတင်းခေါင်းကြီးပိုင်းတွေမှာ ဖော်ပြခံခဲ့ရပါတယ်။ ပြီးခဲ့တဲ့နှစ်ကမှ နာဂျီရာက သူ့ခင်ပွန်းနဲ့အတူ အိုမန်ကနေ မဟေးမြို့လေးကို ပြောင်းရွှေ့ခဲ့ပြီး ကားမောင်းကာ တစ်ကိုယ်တော် ခရီးထွက်ဖြစ်ခဲ့ပါတယ်။

Ref: From Kerala To Qatar: This Football Fan Drives All The Way In Her SUV To Watch FIFA World Cup

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top