ဆူပူအုံကြွ ဆန္ဒပြမှုတွေ ဖြစ်ပွားပြီးနောက် ကာဂျစ်စတန်နိုင်ငံ လွှတ်တော်ရွေးကောက်ပွဲရလဒ်ကို ဖျက်သိမ်း

7-10-2020-yyl-003.jpg

ဆူပူအုံကြွ ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့ပြီးနောက်မှာတော့ ကာဂျစ်စတန်နိုင်ငံ အာဏာပိုင်တွေက လွှတ်တော်ရွေးကောက်ပွဲရလဒ်တွေကို ဖျက်သိမ်းလိုက်ပါပြီ။ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ လွှတ်တော်ရွေးကောက်ပွဲမှာ ပါတီ ၁၆ ခုအနက် ပါတီ ၄ ခုကပဲ လွှတ်တော်မှာ ပါဝင်ခွင့်ရမယ့် အနိမ့်ဆုံးမဲအရေအတွက်သတ်မှတ်ချက် (၇ ရာခိုင်နှုန်း) ကျော်လွန်ခဲ့ပြီး အဲဒီပါတီ ၄ ခုမှာ ၃ ခုက သမ္မတ ဂျင်ဘီကော့ဗ်နဲ့ နီးစပ်တဲ့ပါတီတွေပါ။

ပြီးခဲ့တဲ့တနင်္လာနေ့က ကာဂျစ်စတန်နိုင်ငံမြို့တော် ဘီရှကက်မြို့ရဲ့ အလာတူးရင်ပြင်မှာ လူ ၅၀၀၀ နီးပါးက စုဝေးဆန္ဒပြခဲ့ကြပါတယ်။ ရွေးကောက်ပွဲပြန်လည်ကျင်းပဖို့ တောင်းဆိုခဲ့တဲ့ ဆန္ဒပြသူတွေက ညဉ့်သန်းခေါင်ယံအချိန်မှာ လွှတ်တော်အဆောက်အအုံထဲ ချိုးဖောက်ဝင်ရောက်ပြီးရဲတပ်ဖွဲ့ဝင်တွေနဲ့ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ကြပါတယ်။ ရဲတပ်ဖွဲ့က မျက်ရည်ယိုဓာတ်ငွေ့၊ မီးသတ်ပိုက်တွေနဲ့ လူစုခွဲဖို့ ကြိုးစားခဲ့ကြပါတယ်။

ရုပ်သံမှတ်တမ်းတွေအရ ဆန္ဒပြသူတွေဟာ သမ္မတရုံးခန်းထဲဝင်ပြီး စာရွက်တွေကို ပြတင်းပေါက်ကနေ ပစ်ချခဲ့တာ တွေ့ရပါတယ်။ အဆောက်အအုံတစ်စိတ်တစ်ပိုင်းကလည်း မီးလောင်ကျွမ်းနေဖွယ်ရှိပါတယ်။ ဆူပူအုံကြွမှုတွေမှာ ထိခိုက်ဒဏ်ရာရသူ ရာချီ ရှိခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။ အဲဒီဆူပူအုံကြွမှုဟာ နိုင်ငံရေးအင်အားစုတွေက တရားမဝင် အာဏာသိမ်းဖို့ ကြိုးစားနေကြတာလို့ သမ္မတ ဂျင်ဘီကော့ဗ်က စွပ်စွဲခဲ့ပြီးနောက်မှာ ဗဟိုရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲရလဒ်ကို ဖျက်သိမ်းခဲ့တာပါ။

Ref: BBC ” Kyrgyzstan election: Sunday’s results annulled after mass protests”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top