ကမ္ဘာ့အခမ်းနားဆုံး သန့်စင်ခန်း

12.8.23-yyl-1.jpg

အခု မြင်ရတဲ့ပုံတွေကတော့ ဈေးဝယ်စင်တာတစ်ခုရဲ့ သန့်စင်ခန်း အတွင်းပိုင်းကို ရိုက်ထားတာပါ။ တရုတ်နိုင်ငံ နန်ကျင်းမြို့ Deji Plaza ရဲ့ ၆ လွှာမှာ တည်ရှိပါတယ်။ ရှန်ဟိုင်းမြို့ အခြေစိုက် ဗိသုကာကုမ္ပဏီ X+Living က ဒီဇိုင်းဆွဲပေးထားတာပါ။

သန့်စင်ခန်း လျှောက်လှမ်းတစ်လျှောက်မှာ နံရံအပြင်ဘက်ကနေ တိုးဝင်လာတဲ့ သစ်ပင်တွေ ရှိပြီး လှပတဲ့ မီးဆိုင်းကြီးတွေကြောင့် ကြွေပြားတွေကလည်း တဖိတ်ဖိတ် တောက်ပနေပါတယ်။ သန့်စင်ခန်းထဲမှာ ကျား၊ မ၊ ကလေးငယ်တွေရဲ့ အရပ်အမြင့်နဲ့ ကိုက်ညီမယ့် လက်ဆေးကြွေဇလုံတွေကိုလည်း ထည့်သွင်းပေးထားပါတယ်။ သန့်စင်ခန်း မသွားချင်ပေမဲ့ သူငယ်ချင်းကို အဖော်လိုက်လာပေးသူတွေ ထိုင်လို့ရအောင် ဆိုဖာခုံတွေလည်း ချထားပေးတာ တွေ့ရပါတယ်။

ဒါကြောင့်လည်း Deji Plaza ရဲ့ သန့်စင်ခန်းက ကမ္ဘာ့အခမ်းနားဆုံး အများပြည်သူ သန့်စင်ခန်းလို့ တင်စားခံနေရတာပါ။

Ref: This Shopping Mall Bathroom Has Been Dubbed the World’s Most Beautiful Public Bathroom

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top