ဆိုင်ပိတ်ထားရတဲ့ကာလမှာ စားသောက်ဆိုင်ဝန်ထမ်းတွေ စားဝတ်နေရေးပြေလည်စေဖို့ မုန့်ဖိုး ကန်ဒေါ်လာ ၉,၄၀၀ ပေးခဲ့တဲ့ လင်မယား

18-3-2020-yyl-006.jpg

ကိုရိုနာဗိုင်းရပ်စ်သစ် ကူးစက်ပျံ့နှံ့မှုကြောင့် ဆိုင်ပိတ်ထားရတဲ့ ကာလအတွင်း ဆိုင်ဝန်ထမ်းတွေ စားဝတ်နေရေး ပြေလည်အောင် ကူညီပေးတဲ့အနေနဲ့ ဟူစတန်ကောင်တီရဲ့ နာမည်ကျော် စားသောက်ဆိုင်တစ်ဆိုင်မှာ လာရောက်စားသုံးသူ ဇနီးမောင်နှံက အမေရိကန်ဒေါ်လာ ၉၄၀၀ မုန့်ဖိုးပေးခဲ့ပါတယ်။

ဟူစတန်ကောင်တီထဲမှာရှိတဲ့ စားသောက်ဆိုင်ခန်းမအားလုံး သိပ်မကြာခင် ပိတ်ရတော့မှာဖြစ်ပြီး ပါဆယ်ဝယ်တာ၊ အိမ်တိုင်ရာရောက် ပို့ဆောင်တာ အစရှိတဲ့ ဝန်ဆောင်မှုတွေပဲ ရနိုင်တော့မယ်ဆိုတာ သိထားတဲ့ သုံးသူဇနီးမောင်နှံက ပြီးခဲ့တဲ့တနင်္လာနေ့မှာ Irma’s Southwest စားသောက်ဆိုင်ကို ညစာလာစားခဲ့ပါတယ်။ အဲဒီနောက်မှာတော့ သူတို့လင်မယားနှစ်ယောက်က စားသောက်ဆိုင် ဝန်ထမ်းတွေအတွက် မုန့်ဖိုးပေးခဲ့တာပါ။ အမေရိကန်ဒေါ်လာ ၁၉၀၀ ကို ငွေသားနဲ့ ပေးခဲ့ပြီး ခရက်ဒစ်ကတ်ထဲကနေ အမေရိကန်ဒေါ်လာ ၇၅၀၀ ပေးခဲ့ပါတယ်။

စားသောက်ဆိုင်ဝန်ထမ်းတွေအတွက် လူသားဆန်ဆန် ကူညီပေးခဲ့တဲ့ ဇနီးမောင်နှံက သူတို့ရဲ့ နာမည်တွေကို ထုတ်ပြောလိုခြင်းမရှိပါဘူး။ မုန့်ဖိုးရတဲ့ အမေရိကန်ဒေါ်လာ ၉၄၀၀ ကို ဆိုင်ဝန်ထမ်း ၃၀ အတွက် ခွဲဝေပေးရမှာဖြစ်လို့ တစ်ယောက်ကို အမေရိကန်ဒေါ်လာ ၃၀၀ ကျော်ရလိမ့်မယ်လို့ စားသောက်ဆိုင်ပိုင်ရှင် ဂယ်ဗန်က ပြောပါတယ်။ အခုလို ခက်ခဲတဲ့ အချိန်ကာလမျိုးကို ကျော်ဖြတ်နိုင်ဖို့ စားသုံးသူတစ်ယောက်က အဲဒီလောက်အထိ ဂရုစိုက်ပေးလို့ စားသောက်ဆိုင်ဝန်ထမ်းတွေ အံ့အားသင့်ခဲ့တယ်လို့ ဂယ်ဗန်က ဆိုပါတယ်။

အခြေအနေတွေ ပုံမှန်ပြန်ဖြစ်လာဖို့ ဘယ်လောက်ကြာမလဲ မသိရသေးပေမဲ့ အနည်းဆုံး ၁၅ ရက်ကြာလိမ့်မယ်လို့ ဂယ်ဗန်က ပြောပါတယ်။ ပါဆယ်ရောင်းချတာနဲ့ အိမ်တိုင်ယာရောက် ပို့ဆောင်ပေးတဲ့ ဝန်ဆောင်မှုပေးချိန်မှာ အမြတ်ရဖို့ထက် စားသောက်ဆိုင် ဆက်လက်တည်မြဲရေးကိုပဲ အဓိကအာရုံစိုက် ကြိုးပမ်းသွားမယ်လို့ ဂယ်ဗန်က ဆိုပါတယ်။

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top