အဖြူရောင်သက်တံ့

9-12-2022-yyl03.jpg

သက်တံ့လို့ ပြောလိုက်တာနဲ့ ရောင်စဉ်ခုနှစ်သွယ်မျဉ်းကွေးကိုပဲ မြင်ယောင်မိကြမှာပါ။ အဖြူရောင်သက်တံ့ကို ကြားဖူးသူ နည်းပါးပါလိမ့်မယ်။ ဗြိတိန်အခြေစိုက် ဓာတ်ပုံဆရာ မယ်ဗင်နီကိုးလ်ဆန်ကတော့ ရှားပါးဖြစ်ရပ်ကို ကိုယ်တိုင်ကြုံတွေ့ပြီး မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးနိုင်ခဲ့ပါတယ်။ စကော့တလန်နိုင်ငံ အနောက်ပိုင်း ရန်းနော့ချ်မြေရိုင်းလွင်ပြင်ပေါ်မှာ အဖြူရောင်သက်တံ့ ဖြစ်ပေါ်နေတာပါ။

အဖြူရောင်သက်တံ့ကို Moonbow၊ Fogbow လို့ ခေါ်ဆိုကြပါတယ်။ နေရောင်ခြည်ကနေ အလင်းပြန် ဖြစ်ပေါ်တာမဟုတ်ဘဲ လကနေ အလင်းပြန်ဖြစ်ပေါ်တတ်ပါတယ်။ ရောင်စဉ်ခုနှစ်သွယ်သက်တံ့လို ရေစက်လေးတွေ ပါဝင်တဲ့လေကြောင့် ဖြစ်ပေါ်တာမဟုတ်ဘဲ ရေစက်လေးတွေ ပါဝင်တဲ့ မြူခိုး၊ တိမ်တွေကြောင့် ဖြစ်ပေါ်တာမျိုးပါ။

Ref: Moonbow, Fogbow

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top