ကျားတွေကို ယဉ်ပါးအောင်သင်ပေးခဲ့တဲ့ ဆပ်ကပ်သမား ကျားကိုက်ခံရလို့ သေဆုံး

67216087_2475126659184906_7122813900155781120_n.jpg

ကျားတွေကို ယဉ်ပါးအောင် သင်ပေးခဲ့လို့ နာမည်ကျော်ကြားတဲ့ ဆပ်ကပ်သမားတစ်ယောက်ဟာ ကျားလေးကောင်ရဲ့တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ပါတယ်။ (၆၁) နှစ်ရှိတဲ့ အက်တိုရီဝက်ဘာဟာ အီတလီနိုင်ငံရဲ့ နာမည်အကျော်ကြားဆုံး ဆပ်ကပ်အဖွဲ့(Circo Orfei)ရဲ့ အဖွဲ့ဝင်တစ်ဦးပါ။ သူဟာ ဆပ်ကပ်ပွဲမှာ ဖျော်ဖြေမယ့်ပြကွက်အတွက် ပြင်ဆင်နေတုန်း ကျားတစ်ကောင်က သူ့ကို တွန်းလှဲခဲ့ပြီး တခြားကျား (၃) ကောင်က ခုန်အုပ်၊ ကိုက်သတ်ခဲ့တာပါ။

အဲဒီနောက်မှာ ကျားတွေက သူ့အလောင်းကို နာရီဝက်လောက် ဆော့ကစားခဲ့ကြပြီး ဆပ်ကပ်အဖွဲ့ဝင်တွေကလည်း မလုပ်တတ်၊ မကိုင်တတ်ဖြစ်ခဲ့ကြပါတယ်။ သူတို့က ကျားတွေကို ခြောက်လှန့်မောင်းထုတ်ဖို့ ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါဘူး။ အက်တိုရီဝက်ဘာဟာ ကျောရိုးမှာ ဒဏ်ရာပြင်းပြင်းထန်ထန် ရခဲ့ပြီး တစ်ကိုယ်လုံးမှာ ပြင်းထန်တဲ့ဒဏ်ရာတွေ ရခဲ့ပါတယ်။ သူ သင်ပေးထားတဲ့ ကျားတွေက အက်တိုရီဝက်ဘာကို ဘာကြောင့် ပြန်ကိုက်ခဲ့လဲဆိုတာတော့ တိတိကျကျ မသိရသေးပါဘူး။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top