ဦးနှောက်အကြိတ် ခွဲစိတ်မှု ခံယူနေစဉ်အတွင်းမှာ ဂစ်တာတီးခတ်နေခဲ့တဲ့ ဂစ်တာပညာရှင်

1545376673.jpg

တောင်အာဖရိက ဂျက်ဇ်ဂစ်တာပညာရှင်ဖြစ်တဲ့ မူဆာမန်ဇီနီ (Musa Manzini) ဦးနှောက်မှာ ဖြစ်ပွားနေတဲ့ အကြိတ်ကို အပြီးသတ်ခွဲစိတ်မှုခံယူဖို့ Awake craniotomy လို့ခေါ်တဲ့ နိုးထလျက် ဦးနှောက်ခွဲစိတ်မှုကို သတ္တိရှိရှိ ခံယူခဲ့ပြီး ခြောက်နာရီကြာ ခွဲစိတ်မှုဟာ အပြီးသတ် အောင်မြင်သွားခဲ့ပါတယ်။ အကြောင်းကတော့ သူ့ရဲ့ လက်ချောင်းတွေ ပြန်လည်လှုပ်ရှားနိုင်ပြီး အရင်လို ဂစ်တာ ပြန်လည်တီးခတ်နိုင်အောင် ကူညီပေးဖို့ပါပဲ။

သူဟာ ခွဲစိတ်မှုရဲ့ အရေးပါတဲ့ လုပ်ဆောင်မှုအနေနဲ့ ထုံဆေးသာခံယူပြီး ခွဲစိတ်နေစဉ်အတွင်း ဂစ်တာကို ဖြည်းဖြည်းချင်း တီးခတ်နေခဲ့တာပါ။ ဒီဖြစ်ရပ်ဟာ တောင်အာဖရိကရဲ့ ဦးနှောက်နဲ့အာရုံကြော ခွဲစိတ်ပါရဂူအဖွဲ့ရဲ့ ပြောင်မြောက်တဲ့စွမ်းဆောင်မှုလည်း ဖြစ်ပါတယ်။

ဆရာဝန်တွေဟာ သတိကြီးစွာနဲ့ အန္တရာယ်များတဲ့ ဦးနှောက်ခွဲစိတ်မှုကို လုပ်ဆောင်ခဲ့ရတာဖြစ်ပြီး ဦးနှောက်အကြိတ်နဲ့ သာမန်ဦးနှောက်တစ်ရှူးကို ခွဲခြားရခက်တာကြောင့် သူတီးခတ်နေတဲ့ ဂစ်တာသံ မှားယွင်းသွားမှုဟာ ဆရာဝန်တွေအတွက် အကြိတ်ဖယ်ရှားရှာမှာ ထိရောက်ဖို့ အရေးပါတဲ့ အချက်ပြ အထောက်အကူပြုမှုလည်း ဖြစ်ခဲ့တာပါ။

ခြောက်နာရီကြာ ခွဲစိတ်မှုမှာ လန်ဇီနီရဲ့ အသိစိတ် အာရုံခံစားမှုနဲ့ ကြွက်သားတွေကို အဓိကထိန်းချုပ်ရတဲ့ ဦးနှောက်အပိုင်းကို ထိခိုက်မှု မဖြစ်ရအောင်နဲ့ လေဖြတ်တုံ့ဆိုင်းမှု မကြုံတွေ့ရအောင် အဓိကထား ခွဲစိတ်ပေးခဲ့ရတာ ဖြစ်ပါတယ်။

ခွဲစိတ်မှု အောင်မြင်ပြီးနောက်မှာတော့ ဆုရ ဂစ်တာပညာရှင်ကြီး လန်ဇီနီဟာ အပြည့်အဝ ပြန်လည် ကျန်းမာလာတာနဲ့ ဂစ်တာပြန်တီးနိုင်ဖို့၊ ဖျော်ဖြေမှု ပြန်လုပ်နိုင်ဖို့ မျှော်လင့်နိုင်စွမ်း ရှိခဲ့ပြီဖြစ်သလို သူ့ရဲ့ စိတ်ဆန္ဒ ပြည့်ဝသွားခဲ့ပြီပဲဖြစ်ပါတယ်။ ဒါကြောင့် ဝမ်းသာဖွယ်ရာ သတင်းတစ်ခုအဖြစ် မျှဝေပေးလိုက်ရပါတယ်။

Ref: BBC “Jazz guitarist Musa Manzini plays through brain surgery”

AI (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top