အလုပ်လက်မဲ့မိခင်ကို ကူညီဖို့ သူ့ရဲ့တစ်ခုတည်းသောအရုပ်ကို ရောင်းဖို့ ကြိုးစားခဲ့တဲ့ကလေးလေး

29.11.23-yyl-၅.jpg

TikTok အကောင့် rubencerquinz မှာ တင်ထားတဲ့ ဗီဒီယိုတစ်ခုဟာဆိုရင် ကြည့်ရှုသူတွေရဲ့ရင်ထဲထိစေပြီး လူအများကြားပျံ့နှံ့ခဲ့ပါတယ်။ အဲဒီဗီဒီယိုက မက္ကဆီကိုလူမျိုးကလေးငယ်လေး လူပီတိုကို ရိုက်ထားတာပါ။ မကြာသေးခင်ကမှ အလုပ်ပြုတ်သွားခဲ့တဲ့ သူ့အမေကို အစားသောက်ဝယ်ယူရာမှာ ကူညီပေးဖို့အတွက် သူ့ရဲ့တစ်ခုတည်းသောအရုပ်ဖြစ်တဲ့ ဘောလုံးလေးကို ရောင်းဖို့ကြိုးစားနေတာကို ဗီဒီယိုမှာ တွေ့ရပါတယ်။

သနားကြင်နာတတ်တဲ့လူတစ်ယောက်က လူပီတိုရဲ့ဘောလုံးကို ဝယ်ဖို့ လုပ်တဲ့အခိုက်အတန့်ကိုလည်း ရိုက်ကူးခဲ့တာပါ။ ဘောလုံးဘယ်လောက်လဲမေးတော့ လူပီတိုက ပိုက်ဆံမလိုချင်ဘူး။ သူ့အစ်ကိုအတွက် နွားနို့နဲ့ ပေါင်မုန့်လိုချင်တယ်လို့ ပြောခဲ့တာပါ။ ဒီဗီဒီယိုဟာဆိုရင် အပြန်အလှန်မျှဝေရင်း ကြည့်ရှုသူ ၁၉ သန်းကျော်ရှိခဲ့ပါတယ်။

လူပီတိုကို ကူညီခဲ့တဲ့ လူက Heroes sin capa (Heroes without cape) အဖွဲ့အစည်းနဲ့ ဆက်စပ်နေတာပါ။ အဲဒီအဖွဲ့အစည်းက လူပီတိုနဲ့ သူ့မိသားစုကို အစားအသောက်တွေ၊ ငွေကြေးပံ့ပိုးမှုတချို့လုပ်ပေးခဲ့တဲ့အပြင် ရောင်းချဖို့ လုပ်ခဲ့တဲ့ ‌ဘောလုံးကိုလည်း အသစ်နဲ့အစားထိုးပေးခဲ့ပါတယ်။

လူပီတိုက သူ့အဖေကို တောင့်တနေပြီး ပြန်လာဖို့ မျှော်လင့်နေတယ်ဆိုတာလည်း ဗီဒီယိုမှာ ပါဝင်ပါတယ်။ အဖွဲ့အစည်းက မိခင်ဖြစ်သူကို ကူညီပေးခဲ့တဲ့အတွက် လူပီတိုကို ဆက်လက်ပံ့ပိုးပေးနေပါတယ်။ ကျောင်းသုံးပစ္စည်းတွေ၊ ဖိနပ်၊ အဝတ်အစားအသစ်နဲ့ စက်ဘီးတစ်စီးလည်း လူပီတိုကို လက်ဆောင်ပေးခဲ့ပါတယ်။ လူမှုကွန်ယက်အသုံးပြုသူတွေကလည်း အဖွဲ့အစည်းအတွက် ဂုဏ်ယူနေပြီး ဆက်လက်ပံ့ပိုးပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

Ref: Little Boy Tries to Sell His Only Toy to Help His Unemployed Mom and Brought the Entire Internet to Tears

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top