၁၀ နှစ်သား ကောင်လေးတစ်ယောက် ကော်ဖီဆိုင်ထဲဝင်လာပြီး စားပွဲမှာ ထိုင်လိုက်တယ်။ စားပွဲထိုးအမျိုးသမီးက ရေတစ်ခွက် လာချပြီး ဘာများ သုံးဆောင်ချင်ပါသလဲလို့ မေးတယ်။
” သစ်သီးရေခဲမုန့်တစ်ခွက် ဘယ်လောက်လဲ”
” ဆင့် ၅၀ ပါ”
ကောင်လေးက သူ့အိတ်ထဲက အကြွေစေ့တွေကို ထုတ်ရေလိုက်တယ်။ ပြီးတော့ ” ရိုးရိုးရေခဲမုန့်တစ်ခွက် ဘယ်လောက်လဲ” လို့ ထပ်မေးတယ်။
ဆိုင်ထဲကို တခြားစားသုံးသူတွေလည်း ဝင်လာလို့ စားပွဲထိုးအမျိုးသမီးက စိတ်မရှည်ဟန်နဲ့ ” ၃၅ ဆင့်” လို့ ပြန်ဖြေတယ်။
ကောင်လေးက အကြွေစေ့တွေကို နောက်တစ်ခါ ထပ်ရေပြီး ရိုးရိုးရေခဲမုန့်တစ်ခွက် မှာလိုက်တယ်။
စားပွဲထိုးအမျိုးသမီးက ရေခဲမုန့် လာချရင်း ဘီလ်စာရွက်ကိုပါ စားပွဲပေါ် တင်သွားတယ်။
ကောင်လေးက ရေခဲမုန့်စားပြီးတော့ ဘီလ်ရှင်းပြီး ပြန်သွားတယ်။ စားပွဲထိုးအမျိုးသမီးက စားပွဲလာသုတ်ချိန်မှာတော့ ရင်ထဲမှာ ဆို့နင့်သွားတယ်။ ကောင်လေးက စားပွဲပေါ်မှာ သူ့အတွက် ဘောက်ဆူး ၁၅ ဆင့် ချန်ရစ်ခဲ့တယ်လေ။
တကယ်ဆို သစ်သီးရေခဲမုန့် စားဖို့ ပိုက်ဆံလောက်ရဲ့သားနဲ့ သူ့ကို ဘောက်ဆူးပေးချင်လို့ ကောင်လေးက ရိုးရိုးရေခဲမုန့်ပဲ မှာစားခဲ့တာပါ။ ဒါပေမဲ့ သူကတော့ ကောင်လေးကို ကောင်းကောင်းမဆက်ဆံမိခဲ့ဘူး။ ကောင်လေး ခဏခဏ ငွေထုတ်ရေနေတဲ့ အကြောင်းရင်းကို မသိဘဲ အပေါ်ယံကြည့်ပြီး စိတ်မရှည်ဖြစ်ခဲ့မိလို့ စားပွဲထိုးအမျိုးသမီးကတော့ နောင်တရနေပါပြီ။
Ref:A Dish of Ice Cream
NZ (ရိုးရာလေး)