ဆရာတစ်ဦးကြောင့် နတ်သမီးပုံပြင်ထဲက ပျော်ရွှင်စရာအဆုံးသတ်ကို ရခဲ့တဲ့ မိဘမဲ့ကလေးရဲ့ဇာတ်လမ်းလေး

pxl-20210312-213827711-mp.jpg

နတ်သမီးပုံပြင်တွေထဲကလို ပျော်ရွှင်စရာအဆုံးသတ်ကို ရရှိခဲ့တဲ့ မိဘမဲ့ကောင်လေးရဲ့ဇာတ်လမ်းကို လူတွေသိခဲ့ရတာကတော့ ၂၀၁၁ ခုနှစ် နွေရာသီအချိန်အခါ ကော်လိုရာဒိုမှာပါ။ အဲဒီကောင်လေးကို CBS သတင်းဌာနက တွေ့ဆုံမေးမြန်းခဲ့လို့ပါပဲ။ သူတစ်ယောက်တည်းကို မေးမြန်းခဲ့တာမဟုတ်ဘဲ ပျော်ရွှင်စရာအဆုံးသတ်ဖြစ်အောင် ဖြည့်ဆည်းပေးခဲ့တဲ့ ဆရာလည်း ပါဝင်ခဲ့ပါတယ်။

အင်တာဗျူးမှာ သိခဲ့ရတဲ့ ဆရာတပည့်နှစ်ဦးရဲ့ဇာတ်လမ်းအကြောင်းကို ပြောရရင် ဖင် လန်နင် (Finn Lanning) ဟာ သင်္ချာဆရာဖြစ်ပြီး ဒါမိအန် (Damein) ကတော့ သူ့ရဲ့အလယ်တန်းကျောင်းသားတပည့်ဖြစ်ပါတယ်။ ဖင် လန်နင်ကို အကောင်းဆုံးဆရာတွေထဲက တစ်ယောက်အဖြစ် ဒါမိအန်က သတ်မှတ်ထားတာပါ။ ဒါမိအန်က သူ့ကို ခဏခဏလာမနှောင့်ယှက်တဲ့ဆရာမျိုးကို သဘောကျတာပါ။ တစ်ယောက်တည်းနေရတာကြိုက်ပေမဲ့ ကျောင်းစာကိုတော့ ကြိုးစားလေ့လာတတ်ပါတယ်။

ဆရာဖင် လန်နင်ကလည်း ဒါမီအန်က စာတော်ပြီး ရယ်စရာကောင်းတဲ့အပြင် တပည့်တွေထဲမှာ အမြဲတမ်း ထိုးထွက်နေတဲ့ ကျောင်းသားတစ်ယောက်ဖြစ်တယ်လို့ ဆိုပါတယ်။ တစ်နေ့မှာ ဒါမီအန်က ဆရာ ဖင် လန်နင်ဆီ လာပြီး သူ ကျောင်းထွက်တော့မယ်ဆိုတဲ့အကြောင်း ပြောခဲ့ပါတယ်။ အဲဒီအချိန်မှာ ဆရာ ဖင် လန်နင်က သူ့ရဲ့ဇာတ်လမ်းအကြောင်း သိသွားခဲ့ရတာပါပဲ။

ဒါမီအန်ဟာ ကျောက်ကပ်ရောဂါရှိပြီး သူ့ကို လိုလိုလားလား မွေးစားချင်တဲ့၊ သူ့ရဲ့ဆေးဖိုးတက်နိုင်တဲ့ မိသားစုရှာမတွေ့တဲ့အတွက် မိဘမဲ့ဂေဟာမှာ နေနေရကြောင်း၊ သူ ကျောင်းထွက်ပြီး ဆေးရုံတက်ရတော့မယ်ဖြစ်ကြောင်း ဆရာ ဖင် လန်နင် သိသွားခဲ့ပါတယ်။

ဒါမီအန်က ကျောက်ကပ်အစားထိုးကုသမှုခံယူဖို့ လိုအပ်ခဲ့ပါတယ်။ အတည်တကျနေထိုင်နိုင်မယ့် အိမ်မရှိဘူးဆိုရင် အစားထိုးကုသဖို့ ခက်ခဲပါတယ်။ ဆရာ ဖင်လန်နင်က ဒါမီအန်အကြောင်း သိသွားတော့ အရမ်းစိတ်မကောင်းဖြစ်သွားခဲ့ပြီး သူဟာ အိမ်ထောင်မရှိလူပျိုဖြစ်ပေမဲ့ မွေးစားမိဘအနေနဲ့ ဒါမီအန်ကို ခေါ်ထားခဲ့ပါတယ်။ ဆရာက သူ ကျောင်းထွက်ပြီး တပည့်တွေထဲက တစ်ယောက်ကို ခေါ်ယူမွေးစားရမယ်လို့ ဘယ်တုန်းကမှ မစဉ်းစားမိခဲ့ဘူးလို့ ဆိုပါတယ်။

ဆရာ ဖင်လန်နင်နဲ့ ဒိုမီအန်တို့အကြောင်းက လွန်ခဲ့တဲ့ (၂) နှစ်နီးပါးက ဖြစ်ပေမဲ့ အခုဆိုရင် ဒိုမီအန်က ကျောက်ကပ်အစားထိုးကုသပြီးသွားလို့ ကျန်းမာသန်စွမ်းနေတဲ့ (၁၅) နှစ်ကောင်လေးဖြစ်နေပါပြီ။ လွန်ခဲ့တဲ့လအနည်းက ဆရာ ဖင် လန်နင်က ဒိုမီအန်ကို တရားဝင်မွေးစားခဲ့ပါတယ်။ ဒိုမီအန်က နတ်သမီးပုံပြင်တော်တော်များများကို ကြည့်ဖူးပြီး အဲဒီထဲကလို ပျော်ရွှင်စရာအဆုံးသတ်ဖြစ်ချင်ခဲ့တာပါ။ ဒိုမီအန်ကတော့ “အိပ်မက်တွေ အမှန်တကယ်ဖြစ်လာသလိုပါပဲ”တဲ့။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top