ဆိပ်ကမ်းမှ container ထဲမှာ ၈ ရက်ကြာ ပိတ်မိနေတဲ့ ခွေးလေးတစ်ကောင်ကို ကယ်တင်နိုင်ခဲ့

5.2.24-yyl-2.jpg

ဆိပ်ကမ်းမှ container တွေကို သွားရောက်စစ်ဆေးခဲ့တဲ့ အမေရိကန်ကမ်းခြေစောင့်တပ်ဖွဲ့ဟာ container ထဲမှာ ၈ ရက်ကြာ ပိတ်မိနေတဲ့ ခွေးလေးတစ်ကောင်ကို ကယ်တင်နိုင်ခဲ့ပါတယ်။ ရေတပ်အရာရှိ မက်မာဟွန် ဦးဆောင်တဲ့ ကမ်းခြေစောင့်တပ်ဖွဲ့ဟာ ဟူစတန် – ဂယ်ဗီစတန်ကမ်းရိုးတန်းမှ container တွေကို စစ်ဆေးနေချိန်အတွင်း container တစ်လုံးထဲကနေ ခွေးဟောင်သံနဲ့ ကုတ်ခြစ်နေတဲ့အသံကြားလို့ ဖွင့်ကြည့်ချိန်မှာ ကားအဟောင်းတွေကြားကနေ ခွေးမလေး တစ်ကောင်ကို တွေ့ခဲ့တာပါ။

အဲဒီခွေးမလေးဟာ ကားသင်္ချိုင်းမှ ကားတစ်စီးပေါ် ရှိနေချိန်အတွင်း Container ပေါ် တင်ခံခဲ့ရဖွယ် ရှိပါတယ်။ ခွေးမလေးဟာ အစာမစား၊ ရေမသောက်ရဘဲ Container ထဲမှာ ၈ ရက်ကြာ ပိတ်မိနေခဲ့တာဖြစ်လို့ သူ့ကို တွေ့ခဲ့ပြီးနောက် အစာကျွေး၊ ရေတိုက်ပြီး Forever Changed Animal Rescue က ခေါ်ယူစောင့်ရှောက်ခဲ့ပါတယ်။ အခုအခါမှာတော့ ခွေးမလေးကို မွေးမယ့် သခင်ရှာဖွေပေးလျက်ရှိပါတယ်။

Ref: Coast Guard Rescues Dog Trapped In Shipping Container For Eight Days

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top