Disney မင်းသမီးလေးတွေသာ (၂၀၁၉) မှာ လူသားမိန်းကလေးတွေအဖြစ် မွေးဖွားလာခဲ့မယ်ဆိုရင်

photography-professional-models-as-disney-princesses-jessica-kobeissi-coverimage.jpg

Disney မင်းသမီးလေးတွေသာ (၂၁၀၉) ခုနှစ်မှာ လူသားမိန်းကလေးတွေဖြစ်နေမယ်ဆိုရင် ကာတွန်းနဲ့မတူဘဲ ဘယ်လိုဖက်ရှင်မျိုးနဲ့ လူ့လောကထဲ ရှင်သန်နေကြမယ်လို့ ထင်ပါသလဲ။ အဲဒီအရာကို ဂျက်ဆီကာ ကိုဘီစ်စီ (Jessica Kobeissi) ဆိုတဲ့ ဖက်ရှင်နဲ့ ဓာတ်ပုံဆရာမလေးတစ်ဦးက အသက်သွင်းပုံဖော်ပေးခဲ့ပါတယ်။ ရိုက်ကူးရေးဖြစ်မြောက်ဖို့အတွက် အချိန် (၃) လ ယူခဲ့ရပြီး သူ(မ) နဲ့အတူ မိတ်ကပ်ပညာရှင် ဟယ်လ်ဆေး ကတ်စ်ဆဲလ် (Hayley Kassel) နဲ့ ကော့တ်ထ်နေး ဟတ်ဂျန် (Courtney Hagen) တို့ကပါ ပူးပေါင်းဖန်တီးပေးခဲ့ကြပါတယ်။

ဂျက်ဆီကာက ရိုက်ကူးရေးနဲ့ပတ်သတ်ပြီးတော့လည်း အနည်းငယ်ရှင်းပြထားပါသေးတယ်။ ပထမဦးဆုံးအနေနဲ့ မူလန်ဟာ တရုတ်ဒဏ္ဍာရီဇာတ်ကားဖြစ်ပေမယ့်လည်း မူလန်အဖြစ် ရိုက်ကူးမယ့် ဆီရီနာ (Serena) အတွက် ဓာတ်ပုံတွေကိုတော့ ကိုးရီးယားနိုင်ငံ၊ ဆိုလ်းမြို့မှာ သွားရောက်ရိုက်ကူးခဲ့တာဖြစ်ပါတယ်။

ဒီရိုက်ကူးရေးမှာပါဝင်တဲ့ တင်ကာဘဲလ် (Tinkerbell) ဟာ မင်းသမီးမဟုတ်ပေးမယ့်လို့ ဂျက်ဆီကာဟာ တင်ကာဘဲလ်ရဲ့ဇာတ်ကောင်ကိုကြိုက်လို့ ထည့်သွင်းရိုက်ကူးထားတာလည်း ဖြစ်ပါတယ်။

အမေရိကန်အမျိုးသမီးတစ်ဦးဖြစ်တဲ့ ပိုကာဟွန်တက်စ် (Pocahontas) နေရာမှာတော့ မက်စ်ဆီကန်၊ ပြင်သစ်နဲ့ အမေရိကန်ကပြားမလေး ဆိုဖီယာက (Sophia) ပုံဖော်ရိုက်ကူးထားသလို အခြားမော်ဒယ်လ်တွေကိုလည်း Disney ဇာတ်ကောင်တွေရဲ့စရိုက်နဲ့ အနီးစပ်ဆုံးတူတဲ့သူတွေကို ရွေးချယ်ထားတာ ဖြစ်ပါတယ်။

ဗီဒီယိုလေးကိုတော့ အောက်ကလင့်ခ်ကနေတစ်ဆင့် ကြည့်ရှူလို့ရပါတယ်။

https://bit.ly/2X7CAdy

၁။ ဂျက်စမင် (Jasmine)

၂။ ပိုကာဟွန်တက်စ် (Pocahontas)

၃။ စနိုးဝှိုက် (Snow White)

၄။ ဘဲလ် (Belle)

၅။ စင်ဒရဲလ်လား (Cinderella)

၆။ တင်ကာဘဲလ် (Tinkerbell)

၇။ အေရီရဲလ် (Ariel)

၈။ မူလန် (Mulan)

၉။ အရေိုရာ (Sleeping Beauty)

၁၀။ တီယားနား (Tiana)

Ref : Boredpanda.com “I Show How 10 Disney Princesses Would Look If They Were Real Girls In 2019”
Po Mo Htoo Aung (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top