ပြီးခဲ့တဲ့ရက်ပိုင်းက တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာပြောင်းရွှေ့နေထိုင်နေရတဲ့ ရှမ်းပြည်နယ်က ပြည်သူတွေကို ကုလသမဂ္ဂက ထောက်ပံ့ရေးပစ္စည်းတွေ ပံ့ပိုးပေးခဲ့

117766169_755012548586045_1875067800651632949_n.jpg

ရန်ကုန်၊ အောက်တိုဘာ (၁၆)

ပြီးခဲ့တဲ့ရက်ပိုင်းက တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာရွှေ့ပြောင်းနေထိုင်နေရတဲ့ ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းကိုင်နဲ့ လဲချားမြို့နယ်အတွင်းက ပြည်သူတွေကို ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR) က ထောက်ပံ့ရေးပစ္စည်းတွေ ပံ့ပိုးပေးခဲ့ပါတယ်။

နေရာစွန့်ခွာသူတွေ နေထိုင်ရာစခန်း (၁၉) ခုမှာရှိတဲ့ မိသားစုပေါင်း (၇၅၅)၊ လူပေါင်း (၂,၆၈၅) ဦးတို့အတွက် စောင်၊ ခြင်ထောင်၊ ဖျာ၊ ပလတ်စတစ်တာပေါ်လင်တွေ၊ ရေသိုလှောင်ပုံး၊ ပလတ်စတစ်ရေပုံး၊ မီးဖိုချောင်သုံးပစ္စည်း၊ အဝတ်အစားတွေနဲ့ မိသားစုသုံးယာယီတဲအိမ်တွေစတဲ့ အစားအစာမဟုတ်တဲ့ ပစ္စည်းတွေကို ပြီးခဲ့တဲ့ စက်တင်ဘာလကုန်ပိုင်းက ဖြန့်ဝေပေးခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ရှမ်းပြည်နယ်မြို့နယ်တချို့မှာ မြန်မာတပ်မတော်နဲ့ ဒေသခံတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ၊ ပြည်သူကာကွယ်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေဖြစ်ပွားခဲ့ပါသေးတယ်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR)ရဲ့ နောက်ဆုံးကိန်းဂဏန်းတွေအရ ရှမ်းပြည်နယ်တောင်ပိုင်းက ပြည်သူ (၁၁၁၀၀) ဦးက အိုးအိမ်စွန့်ခွာထွက်ပြေးနေရတာဖြစ်ပါတယ်။

ဖေဖော်ဝါရီလ (၁) ရက်နောက်ပိုင်း ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေကြောင့် မြန်မာနိုင်ငံအတွင်းက ပြည်သူ (၁၄၆၃၀၀) ဦးဟာ အိုးအိမ်စွန့်ခွာထွက်ပြေး တိမ်းရှောင်နေထိုင်နေရတာဖြစ်ပါတယ်။

Photo- Shan News
Cherry(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top