ဖွံ့ဖြိုးဆဲနိုင်ငံတွေက အမျိုးသမီး (၄၀) ရာခိုင်နှုန်းကျော်ဟာ လယ်ယာလုပ်ငန်းကို လုပ်ကိုင်နေရတယ်လို့ ကုလသမဂ္ဂပြော

20170415_FNP001_0.jpg

ရန်ကုန်၊ အောက်တိုဘာ (၁၅)

မြန်မာနိုင်ငံအပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ နေထိုင်နေတဲ့ အမျိုးသမီး (၄၀) ရာခိုင်နှုန်းကျော်ဟာ လယ်ယာလုပ်သားတွေအဖြစ် အလုပ်လုပ်ကိုင်နေကြတာဖြစ်တယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

လက်တင်အမေရိကမှာရှိတဲ့ အမျိုးသမီး (၂၀) ရာခိုင်နှုန်း၊ အာဖရိကနဲ့ အာရှတိုက်ဝန်းကျင်မှာရှိတဲ့ အမျိုးသမီး ၅၀ ရာခိုင်နှုန်းကျော်ကလည်း လယ်ယာလုပ်သားတွေအဖြစ် အလုပ်လုပ်ကိုင်နေကြရတာဖြစ်ပါတယ်။

မြေယာနဲ့ မွေးမြူရေးပိုင်ဆိုင်မှု၊ တန်းတူလစာ၊ ဆုံးဖြတ်ချက်ချတဲ့ နေရာတွေမှာ ပါဝင်မှု၊ အရင်းအမြစ်တွေကို လက်လှမ်းမီမှု၊ ချေးငွေနဲ့ သူတို့ရဲ့ လယ်ယာတွေ ရှင်သန်ကြီးထွားဖို့၊ ဈေးကွက်နဲ့ ပတ်သက်ပြီး ခွဲခြားခံရမှုကို သိသိသာသာ ရင်ဆိုင်ရနေရတယ်လို့ ဒီကနေ့မှာ ကျရောက်တဲ့ International Day of Rural Women(အပြည်ပြည်ဆိုင်ရာ ကျေးလက်အမျိုးသမီးများနေ့) ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကျေးလက်အမျိုးသမီးတွေရဲ့ လူမှုဘဝတိုးတက်ရေးဟာ ဆင်းရဲမွဲတေမှုနဲ့ ငတ်မွတ်မှုကို တွန်းလှန်ဖို့ သော့ချက်ဖြစ်တယ်လို့ ကုလသမဂ္ဂ ပြောဆိုထားပါသေးတယ်။

ဂျဲန်ဒါတန်းတူညီမျှမှုရရှိရေးနဲ့ အမျိုးသမီးတွေကို စွမ်းဆောင်ရည်မြှင့်တင်တာက လုပ်ဆောင်ရမယ့်အရာတစ်ခုဖြစ်သလို အလွန်အမင်းဆင်းရဲနွမ်းပါးမှု၊ ငတ်မွတ်ခေါင်းပါးမှုနဲ့ အာဟာရချို့တဲ့မှုတွေကို တိုက်ဖျက်ရာမှာ အဓိကကျတဲ့အရာတစ်ခုဖြစ်တယ်လို့ International Day of Rural Women(အပြည်ပြည်ဆိုင်ရာ ကျေးလက်အမျိုးသမီးများနေ့)ထုတ်ချက်မှာ ထည့်သွင်းရေးသားထားပါတယ်။

အမျိုးသမီးတွေကိုအမျိုးသားတွေလို တူညီတဲ့ အခွင့်အလမ်းပေးခြင်းက အဆင်းရဲဆုံးဒေသတွေမှာ (၂ဒဿမ၅) ရာခိုင်နှုန်းကနေ (၄) ရာခိုင်နှုန်းထိ မြင့်တက်နေပြီး အာဟာရချို့တဲ့သူဦးရေကိုလည်း (၁၂) ရာခိုင်နှုန်းကနေ (၁၇) ရာခိုင်နှုန်းထိ လျှော့ချပေးနိုင်ပါတယ်။

Photo- The Enonomist
Cherry(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top