မလေးရှားနိုင်ငံက တိုင်းရင်းသားမျိုးနွယ်တစ်စုဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှာ စိုးရိမ်တဲ့အတွက် သူတို့ရဲ့ ရွာဝင်လမ်းကို သစ်လုံးတွေနဲ့ပိတ်ဆို့ထားပြီး အနီးပတ်ဝန်းကျင်က တောထဲကို ထွက်ပြေးခဲ့ကြပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်က ဂျီမာရီရွာမှာ နေထိုင်တဲ့ အသက် ၃ နှစ်အရွယ် အိုရမ်အာစလီမျိုးနွယ်ဝင် ကလေးငယ်တစ်ယောက်မှာ COVID-19 ကူးစက်ခံရတယ်လို့ စစ်ဆေးတွေ့ရှိပြီးနောက် အိုရမ်အာစလီမျိုးနွယ်ဝင်တစ်ဝက်နီးပါး တောထဲကို ထွက်ပြေးခဲ့ကြတာပါ။ ကမ္ဘာလှည့်ခရီးသည်တွေကြား ရေပန်းစားတဲ့ ကာမီရွန်ကုန်းမြင့်ဒေသဘေးက ရွာတစ်ရွာမှာ သုံးနှစ်အရွယ် ကလေးငယ်တစ်ယောက် COVID-19 ကူးစက်ခံခဲ့ရတာဖြစ်ပြီး သူ ဘယ်လို ကူးစက်ခံရလဲဆိုတာ တိတိကျကျ မသိရပါဘူး။
မလေးရှားနိုင်ငံ ဖာဟန်ပြည်နယ်က ဂျီမာရီရွာမှာ နေထိုင်တဲ့ အိုရမ်အာစလီ မျိုးနွယ်ဝင်တွေဟာ မလေးရှားနိုင်ငံမှာ အဆင်းရဲဆုံးဖြစ်ပြီး အများဆုံးအထိနာနိုင်တဲ့ မျိုးနွယ်ပါ။ မလေးရှားနိုင်ငံဟာ အရှေ့တောင်အာရှမှာ COVID-19 ကူးစက်ပျံ့နှံ့မှု အဆိုးရွားဖြစ်ပြီး COVID-19 ကူးစက်ခံရသူ ၃၀၀၀ ကျော်၊ သေဆုံးသူ ၅၀ ရှိပါတယ်။ “ကျွန်တော်တို့ တောထဲပဲ ပြန်သွားတော့မယ်။ သီးခြားခွဲနေပြီး စားစရာရှာစားမယ်။ တောထဲမှာ စားစရာဘယ်လိုရှာရမလဲဆိုတာ ကျွန်တော်တို့ သိတယ်။ စိုက်ပျိုးစားသောက်လို့ရတဲ့ အပင်တွေရှိတယ်’’လို့ ဂျီမာရီရွာသား ဘီဒူချီမိုင်က ပြောပါတယ်။ အိုရမ်အာစလီမျိုးနွယ်တွေဟာ မလေးရှားကျွန်းဆွယ်မှာ အစောဆုံးနေထိုင်သူမျိုးနွယ်ကနေ ဆင်းသက်လာသူတွေဖြစ်ပြီး လက်ရှိအချိန်မှာ လူဦးရေ ၂၀၀၀၀၀ နီးပါးရှိပါတယ်။
Nz (ရိုးရာလေး)